Monday 30 April 2012

အပျင်းပြေအောင် ပျော်တော်ဆက်လေးတွေပါ



အဟိ...ဒီတစ်ခါ online ပေးမဲ့ဆော့လ်ဝဲလေးက လန်းတယ်သိလား...ဒါပေမဲ့ မိန်းကလေးတွေတော့ မကြည့်စေချင်ဘူး..ယောင်္ကျားလေးတွေအတွက်ပါ...ရိုင်းတော့မရိုင်းပါဘူး...အပျင်းပြေတာပေါ့နော်...ဟိ..
စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ ဒေါင်းသွားလိုက်နော်......ဟိ..

ဒီနေရာလေးကို နှိပ်လိုက်နော်

မြန်မာလက်ကွက်ရိုက်နည်းလေးပါ


ကွန်ပြူတာကို စပြီးလေ့လာနေသူများနဲ. Myanmar typing လေ့ကျင်းလိုသူများအတွက် onlineမင်းသားက ဒီ Myanmar typing လေးကို တင်ပေးလိုက်ပါတယ်နော်... ပုံလေးကို ကြည်ကြည့်လိုက်ပါ...ကြိုက်တယ်ဆိုရင် downloads ဆွဲသွားလိုက်ပါ..1MB တောင် မပြည့်ပါဘူး... အသုံးပြုလိုလည်းအတော် ကို ကောင်း ပါတယ်..Protable ပုံစံမျိုးပါပဲ...သူမှာ တစ်ခု ကောင်း တာက အဆင့်အလိုက် လေ့ကျင့်လို့ ရပါတယ်...စိတ်ဝင်းစားတယ် ဆိုရင် အောက်မှာ အဆင်ပြေတဲ့ လင့်ခ် ကနေ downloads ဆွဲပြီးယူသွားလိုက်နော်...




Saturday 28 April 2012

chat ကြမယ်နော်

 
 ဒီကနေလဲချက်ကြမယ်နော်..online ကတော့ 

 သီချင်းနားထောင်ပြီးစောင့်နေမယ်..ဟိ..


Friday 27 April 2012

ပန်တောင်းမီးသွေး

ပန်းတောင်းမီးသွေးအမှန်အကန်ကိုသာ ရောင်းချပေးပါသည်..ဈေးနှုန်းကိုလည်းချိုသာစွာရောင်းချပေးပါသည်..လူကြီးမင်းတို.အိမ်တွင်လိုအပ်ပါက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်.. မီးသွေးအတောင့်ပြုလုပ်သော ဆိုင်များမှ လူကြီးမင်းများလည်း ဆက်သွယ်ပါ..ပန်းတောင်းမီးသွေးမှုန်များကိုလည်းဈေးနှုန်းချိုသာစွာရောင်းချပေးနေပါသည်...

ဆက်သွယ်ရန် 
ဦးမြနိုင် + ဒေါ်သဉ္ဖာဋ္ဌေး 
ဖုန်း-098627092

ကြော်ငြာ

မင်္ဂလာပါခင်ဗျာ..

online မင်းသားဘလော့ခ်လေးသည် မသိသေးသော သူငယ်ချင်းမိတ်ဆွေများအားလုံးကို သိအောင်လမ်းပြပေးချင်သော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်...ကျွန်တော် online မင်းသားမှ အထူးအစီအစဉ်အနေဖြင့် online မင်းသားဘလော့ခ်လေးတွင် ကြော်ငြာများကို အခမဲ့ထည့်သွင်းပေးနေပါသည်..လူကြီးမင်းတို.ရဲ.လုပ်ငန်းများကို ကြော်ငြာလိုပါက 
online.actor1500@gmail.com 
 punkboy30@gmail.com
 0175515969
သို. ဆက်သွယ်မေးမြန်းနိုင်ပါသည်။

                                     လေးစားစွာဖြင့် 


                                                online မင်းသား
                                                017-5515969
                                                malaysia


Hello..

u want to advertisings for enterprises on my blog? 
i can help u...but no fees..so u can contacts me....

online.actor1500@gmail.com

Thursday 26 April 2012

Video file ထဲကနေ gif ပုံလေးတွေ လုပ်ကြရအောင်



iWisoft free video converter လေးပါ။. converter တွေလည်းပေါပါတယ်ဗျာ. မိမိအသုံးတဲ့တာကို သုံးလို့ရအောင် သိတာလေးကို မျှခြင်းဖြစ်ပါတယ်. ဒီဟာလေးက အမျိုးစုံတယ်လို့ထင်ပါတယ်. သုံးကြည့်ရင်ပိုသိမယ်ထင်ပါတယ်.
AVI, MPEG, WMV, DivX, XviD, MP4, H.264/AVC, AVCHD, FLV, MKV, RM, MOV, 3GP, and audio MP3, WMA, WAV, RA, M4A, AAC, AC3, OGG. Directly convert video for playback on your PSP, iPod, iPhone, Apple TV, PS3, Xbox, Zune, Creative Zen, Archos and other digital multimedia devices အပြင် gif, jpg စသည့် ဓါတ်ပုံဆိုင်ရာတွေမှာပါ ပြောင်းလည်းသုံးလို့ရပါတယ်. vcd သီချင်းတစ်ပုဒ်လုံးကို swf file (flash song) အဖြစ်ပြောင်းလို့ရပါတယ်. မိမိအလိုရှိသလို ဖြတ်တောက်ပြီး လိုသည့်အပိုင်းကို ပြောင်းလို့လည်းရပါတယ်. 8.69 MB ရှိပါတယ်.
သုံးချင်ရင် http://www.mediafire.com/?z433ioqb4srzcq1
mediafire ထဲကိုရောက်သွားရင် password တောင်းပါလိမ့်မည်
akmkuntha ကို ရိုက်ထည့်လိုက်ပါ.
password = akmkuntha



 ဒီ converter လေးနဲ့ လုပ်ထားတာလေးပါ။ add မှာ video filla ရွေးလိုက်၊ ပြီးရင် Edit ပေါ့ ၊ OK>> START ဒါဆိုရပြီနော်။အရွယ်အစားကတော့ setting ကိုသွားပြီး ကြိုက်တာရွေးပေါ့...

(သူငယ်ချင်းထက်ထက်ရဲ. ပို.စ်လေးပါ..)

ဗေဒင် ဟောစတမ်း




ဆရာမျိုးဟန်ကို - 2013, February လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ အလုပ်သစ် နေရာအသစ် ရရှိလာမည်။ ကံကောင်းလာမည်။ အလုပ်ကိစ္စများ အတွက် ကူညီပေးသူ အကြံညဏ်ပေးသူများ ပေါ်လာမည်။ အထက်လူကြီးမှ အကူအညီရမည်။ အဆင်ပြေလာမည်။ ငွေကြေး ကံကောင်းလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ သူတစ်ပါးအတွက် ရုတ်တစ်ရက် ငွေကုန်ကျများနေမည်။ သူငယ်ချင်းများနှင့် အဆက်အသွယ်ပြတ်နေမည်။ စက်ပစ္စည်းပျက်မည် အသစ်ဝင်မည်။ 

လူလိမ်ခံရကိန်း ရှိပါသည်။ ခရီးသွားပါက ဂရုစိုက်ပါ။ လက်ဆောင်ပစ္စည်းများ ရရှိမည်။ ပညာရေး ကြိုးစားနေရသော အချိန်ကာလလေးပါ။ သင်တန်းကိစ္စများ အဆင်ပြေလာမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေနေမည်။ အိမ်ထောင်ရေး ကိစ္စများ စိတ်သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေပြီး စကားများနေရမည်။ ကျန်းမာရေး ခါးနာ ဒူးနာ ဖြစ်မည်။ ချောင်းဆိုးမည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် စံပယ်ပန်း(၂၃)ပွင့်အား နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ ၇ ၆ ၄ ၁ 
၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ရုတ်တစ်ရက် ငွေဝင်ကိန်း ရှိပါသည်။ မိမိ မိသားစု အတွင်း လူဝင်မည်။ အိမ်အနီးတွင် နာရေးကိစ္စများ ဖြစ်ပေါ်မည်။ ဘာသာရေး ကိစ္စများ ပြုလုပ်ရမည်။ အဝတ်အထည် ဝင်မည်။ အိမ်မက်ကောင်း မက်မည်။ သူငယ်ချင်းများ နှင့် စိတ်သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေမည်။ ပညာရေး ရည်ရွှယ်ချက် အသစ်ပေါ်မည်။ ကြိုးစားနေရမည့် အချိန်လေးပါ။ 

ခရီးယာယီများ သွားနေရမည်။ မိသားစုကိစ္စများ အတွက်နှင့် အနည်းငယ် စိတ်ညစ်နေရမည်။ အချစ်ရေးကိစ္စများ ဝေးနေရသော အချိန် ၊ နေ့ရက်လေးတွေကို ဖြတ်သန်းနေရမည် ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများမှာ အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနလာင်္နေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် သရက်သီး(၂၁)စိပ်အား နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၆ ၅ ၄ ၃ 
၃။ အင်္ဂါ သားသမီးများ အတွက် 

ယခုလအတွင်း လိုရာဆန္ဒများ အဆင်မပြေသေးပါ။ ရည်ရွယ်နေသော စိတ်ကူးများ မအောင်မြင်သေးပဲ ဖြစ်နေမည်။ နည်းနည်းတော့ အချိန်ကို စောင့်ရမည်။ အလုပ်အကိုင် ကိစ္စများ အတွက် စိတ်ညစ်နေရမည်။ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အခက်အခဲ အနည်းငယ် ရှိပါသည်။ ယခုလအတွင်း ငွေကြေးကိစ္စများ အနည်းငယ် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ အတွက် ကူညီသူ ပေါ်လာမည်။ 

ခရီးကိစ္စ အဆင်မပြေသေးပါ။ နေရာသစ် ရရှိမည်။ ဖုန်းဝင်မည် ၊ မြေဝင်မည်။ ပညာရေးမှာ ကြိုးစားနေရမဲ့ နေ့ရက်လေးပါ။ အချစ်ရေးမှာ အဆင်ပြေနေမည်။ ခဏခွဲခွာရသော အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ အိမ်ထောင်ရေးမှာ စကားများ နေသော အချိန်လေးပါပဲ။ ကျန်းမာရေးမှာ လက်နာမည် ၊ အစားမှားခြင်း ဖြစ်မည်။ (ယခုလ အတွင်း အရက်သောက်ခြင်း ရှောင်ပါရန်) ယတြာ = ကံကောင်းစေရန် အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် စပျစ်သီး ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၅ ၄ ၂ 
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။ လုပ်ငန်းကိစ္စများ အကုန်လုံး အဆင်မပြေပေမဲ့ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လုပ်ငန်းကိစ္စများ နေရာတိုင်ခင်း ကိစ္စများ ပြောင်းရွှေ့မှု ရှိသော်လည်း အဆင်ပြေနေမည်။ ယခုလ အတွင်းမှာ မိမိကို ကူညီသော်လည်း မိမိအား စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ စကားများရကိန်း မရှိပေမဲ့ အနည်းတော့ စိတ်ညစ်နေမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်နေမည်။

ငွေကြေး ကူညီပေးသူရှိပါသည်။ အဖတ်မတင်ပါ။ ရသလောက် ကုန်ကျမှုများ ရှိပါသည်။ ယခုလ အတွင်းမှာ သွားလာမှု ကိစ္စများနေမည်။ အငြိမ်မနေရပါ။ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေး ကံညံ့နေသော အချိန်လေးပါ။ အချစ်ရေးမှာ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ ပြသာနာ ကြီးကြီးမားမား မရှိသော်လည်း စကားများရနေမည်။ ခဏ ယာယီ ခွဲခွာရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေမည်။ စကားပြောဆိုမှုများလည်း အောင်မြင်ပါသည်။ ကျန်းမာရေးမှာ အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သင်္ဘောသီးကပ်လှူ၍လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၀ ၆ ၅ ၃ 
၅။ ကြာသပတေး သားသမီးများ အတွက် 

ယခုလအတွင်း ရည်ရွှယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ယခုလအတွင်း ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်မည်။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ မိသားစု အတွင်း ကျန်းမာရေးညံ့မည်။ အထက်လူကြီးနဲ့ တိုင်ပင်၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ မိသားစုကိစ္စ အိမ်ကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ စီးပွားရေးကိစ္စတွေမှာ ကူညီသူများ ရှိနေသော်လည်း စိတ်ညစ်နေရမည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ စုမိအောင် ကြိုးစားပါ။ ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေပါသည်။ ခရီးဝေးသို့ ထွက်ရမည်။ ပညာရေး တိုးတက်လာမည်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရမည်။ အချစ်ရေးမှာ ဒုတိယ ချစ်သူနဲ့ အဆင်မပြေပါ။ စကားများနေရမည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေပေမဲ့ အဆင်ပြေပါသည်။ ယခုလအတွင်း ကျန်းမာရေးညံ့မည်။ အအေးမိခြင်း ၊ ထိမိခိုက်မိခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် သံပရာရည်တစ်ခွက် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၇ ၈ ၅ ၂ 
၆။ သောကြာ သားသမီးများ အတွက် 

ယခုလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးများနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ စက်ပစ္စည်းများဝင်မည်။ စနေနံပစ္စည်းများ ဝင်လာပါက နိမိတ်ကောင်းသည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ဘာသာရေးကိစ္စများ လုပ်ဆောင်ရမည်။

နိုင်ငံခြား ကိစ္စများ ပညာရေးကိစ္စများ အောင်မြင်လာမည်။ ထီကံစမ်းလိုက်ပါ။ တနင်္လာနံ ပစ္စည်းများ ဝင်လာမည်။ ခရီးသွားလာမှုများကို ဂရုစိုက်ပါ။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ် ဇတ်လမ်းလေး တွေ့ရမည်။ အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး မျက်စိအားနည်း ၊ ခါးနာ ဒူးနာ ဖြစ်မည်။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် ပန်းသီး(၅)လုံး ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၃ ၅ ၂ ၀ 
၇။ စနေသား သမီးများ အတွက် 

ယခုလအတွင်းမှာ အလုပ်အကိုင်များ အဆင်ပြေလာမည်။ အလုပ်သစ် နေရာအသစ်များ ရရှိလာမည်။ လက်ရှိ ပြသာနာများ စကားပြောဆိုမှု ကိစ္စများ အဆင်မပြေသော်လည်း အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေစုမိလာမည်။ စက်ပစ္စည်းဝင်မည်။ ထီကံကောင်းလာမည်။ ထီကံစမ်းကြည့်ပါ။ ခရီးဝေး ထွက်ရမည်။ မိမိနှင့်အတူနေသော သူတစ်ဦးမှ မိမိအားဒုက္ခပေးလာမည်။ မိသားစုအတွင်း တိုးတက် အောင်မြင် အဆင်ပြေလာမည်။ 

ပညာရေး ကိစ္စများ ကြိုးစားမှု အားနည်းနေမည်။ ခရီးဝေးသွားလာနေရမည်။ ဒီလအတွင်း အချစ်ရေး ကိစ္စများ ချစ်သူနဲ့ ခွဲခွာရမည်။ ဒဏ်ရာများနဲ့ နေရသော နေ့ရက် လေးတွေကို ဖြတ်သန်းရေမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းနေမည်။ ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နှင်းဆီနီ ၇ ပွင့်ကို မိမိ နေအိမ်ဘုရားတွင် ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများ ။ ။ ၈ ၉ ၀ ၃ 
ယခုလအတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ - Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Friday 20 April 2012

ဓာတ်ပုံပြင်တဲ့ ဆော့လ်ဝဲလေးတစ်ခုပါ

Inline image 1
သူငယ်ချင်းတို့အတွက် ကိုယ့်ဓါတ်ပုံလေးကိုအွန်လိုင်း
မှာ လန်းချင်သလား.
ကိုယ့်ပုံလေးတွေကြည့်ပြီး ရှူချင်စရာ တစ်စက်မှ မရှိ..ရိုက်သမျှပုံတွေ မှာ စိတ်တိုင်းမကျ
စိတ်ပျက်လို့အားငယ်နေသူအတွက်ဓါတ်ပုံထဲမှာပဲလှဖို့ဆိုရင်တော့နိုင်ငံရပ်ခြားသွားပြီးခွဲစိတ်ပြုပြင်
စရာမလိုပါဘူး ဒီဆော့ဝဲလ်လေးက ကူညီပေးသွားပါလိမ့်မယ်..


အောက်မှာ ကလစ်ပြီးဒေါင်းယူလိုက်ပါနော်..
http://api.ning.com/files/NNXWrUWlpueMsuRJr2XFJ9Sabs8ZuWRRyqjWlyTtLit0tVB4uXQBiVcDYe5Gjbw8fG4jvhZeLZlgjHnx2EStsojwUAa5oj*W/VirtualPlasticSurgerySoftware1.0.0.1484.zip
....ထက်ထက်ရဲ.ပို.စ်လေးတွေပါ....

ကိုယ့်ပုံလေးကို ကာတွန်းပုံအနေနဲ့လုပ်ပစ်မယ်

screen_1.jpgphotofunia မှာတောင်လုပ်စရာမလိုဘူး။ ပုံလည်းဆွဲစရာမလိုဘူး...တချက်တည်း..နှိပ်လိုက်ရုံပဲ။ သယ်ရင်းကိုပို့ရင်ပို့..မဟုတ်ရင် gtalk ပေါ်မှာတင်ထားပေါ့။ ကြွားပြီးတော့ photo အယ်လ်ဘမ်မှာတင်ထားရုံပေါ့။ ဟီးဟီး..ကျွှန်တော့်ပုံသိချင်ရင်..နောက်တင်ပေးထားမယ်။ ကြိုကြွားထားတာနော်။ mediafire မို့လို့လင့်ကမသေဘူး။


ဒီမှာဒေါင်းပါ http://www.mediafire.com/?t29zq9pm4lfk4wa

 .....ထက်ထက်ရဲ.ကျေးကျေးတွေပါ...

မြန်မာလို 3D ရေးတဲ့ဆော့လ်ဝဲလေးပါ

အခုတင်ပေးတာလေးကတော့အားလုံးလည်းသိပြီးဖြစ်မှာပါ
မြန်မာလို3Dစာလုံးလေးတွေရေးတဲ့နည်းလေးပါမသိသေးမလုပ်တတ်သေးတဲ့
သူငယ်ချင်းတို့အတွက်ကျနော်ရေးပြီးတင်ပေးလိုက်ပါတယ်။ လုပ်ကြည့်ချင်တယ်ဆိုရင်အောက်မှာဆော့ဝဲလ်အရင်ဒေါင်းလိုက်နော်
 
ကဲဆော့ဝဲလေးဒေါင်းလို့ရပြီဆိုရင်တော့ install လုပ်လိုက်ပါ လွယ်လေးမို့ installလုပ်တာတော့ပြောတော့ဘူးနော် ဆော့ဝဲလ်လေးinstallလုပ်ပြီးပြီဆိုရင်စလို့ရပါပြီနော် ။ ဒါလေးနှစ်ခုကတော့ဆော့ဝဲလ်လေးပါ ဘယ်နေမှာဒေါင်းဒေါင်းအတူတူပါပဲ
အပေါ်ကဟာအရင်ဒေါင်းကြည့်လိုက်ပါသူကတော့ဒါတိုက်ဒေါင်းဖို့လုပ်ထားပါတယ်

(၁ )ဆော့ဝဲလ်လေးကို ဒတ်စတော့ပေါ်မှာကြည့်လိုက်ပါပြီးရင် အဲဒါလေးအရင်ဖွင့်လိုက်ပါ
ဖွင့်လိုက်ရင်အောက်မှာမြင်ရတဲ့အတိုင်း BOX လေးပေါ်လာပါမယ်အဲBOX လေးပေါ်လာရင်
register လုပ်ရပါ့မယ် ..registerလုပ်ဖို့အတွက်
မျှားပြထားတဲ့အကွက်လေးထဲမှာဒီcode လေးကူးထည့်လိုက်ပါ ( X3D-9101-2462-1422 )
ပြီးရင်အောက်မှာမြင်ရတဲ့ Run xara3D ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါအခုထည့်ပေးလိုက်တဲ့code တွေမရခဲ့ရင်ဆော့ဝဲလ်ဖိုင်ထဲမှာရှာကြည့်လိုက်ပါရှိပါတယ်
Inline image 1
 (၂) ဒီလိုBOX လေးထက်ပေါ်လာပါ့မယ် အဲဒါဆိုရင် register now မှာကလစ်နှိပ်လိုက်ပါ
Inline image 2
ဒါဆိုရင်ဒီအပိုင်းတော့ပြီးပါပြီခင်ဗျာ စာေ၇းဖို့အောက်မှာဆက်ကြည့်လိုက်ပါ
(၃) ကဲစာရေးလို့ရပါပြီနော် အနီရောင်နဲ့ကွက်ပြထားတဲ့နေရာမှာကလစ်နှိပ်ပြီး အလည်မှာမြင်နေရတဲ့စာတွေကိုဖျက်လိုက်ပါ
Inline image 3 (၄) ဒီရေရာက်ရင်တော့မြန်မာဖေါင့်ပြောင်းရပါတော့မယ် zaw gyi ဖေါင့်တော့မရဘူးဗျာzaw gyi
ကလွဲရင်ကြံတာတွေရပါတယ် ဟိုအေက်မှာပေးထားပါတယ်နော်ဒေါင်းလိုက်ပါ မိမိစက်ထဲမှာလည်းရှိပြီးဖြစ်နိုင်ပါတယ်
ဖေါင့်လှလှလေးတွေပါမရှိသေးရင်အားလုံးဒေါင်းပြီး install လုပ်လိုက်ပါဖေါင့်ပြောင်းဖို့စမယ်
အနီရောင်နဲ့ပြထားတဲ့ရောမှာကလစ်လုပ်လိုက်ပါပြီးရင်ဖေါင့်တွေပေါ်လာပါ့မယ်
မိမိကြိုက်တဲ့ဖေါင့်ကိုရွေးလိုက်ပါဖေါင့်ပြောင်းပြီးရင်စာရေးကြည့်လိုက်ပါ
shift+ ctrl ပြောင်းပြီးမရိုက်နဲ့နော် english ဖေါင့်ရိုက်သလိုရိုက်လိုက်ပါ
Inline image 4
(၅) စာတွေရေးပြီရင်တော့ဒီအဆင့်မှာ စာလုံးအကြီးသေးရွေးလိုက်ပါ မိမိကြိုက်တဲ့အနေအထားမှာထားလိုက်ပါ
Inline image 5
(၆) ဒီအဆင့်ကတော့စာတွေဟာရေးပြီးရင်ပူးကတ်နေမှာနော် အဲဒါကို အောက်မှာပြထားတဲ့နေရာမှာမိမိကြိုက်တဲ့အနေအထားလောက်လိုက်ပါ
အပြာရောင်နဲ့ပြထားတဲ့နေရာလေးနှစ်ခုမှာတော့စာလုံးလေးတွေအစောင်းအလှည့်လုပ်တာပါ မိမိကြိုက်သလိုဆွဲညှိလိုက်ပါ
Inline image 6

(၇) ဒီအဆင့်ကတော့စာလုံးလေးတွေအရောင်ထည့်မှာပါအနီရောင်ပြာထားတဲ့color options ကလစ်နှိပ်လိုက်ပါပြီးရင် color Box ပေါ်လာပါ့မယ် မိမိကြိုက်တဲ့အရောင်ပြာင်းလိုက်ပါ
အပြာရောင်ပြထားတဲ့နေရာမှာတော့ Text မှာပဲထားလိုက်ပါ
Inline image 7

(၈) ဒီအဆင့်ကတော့ ရေးထားတဲ့စာလေးတွေကို ရွစိရွစိ လှုပ်လှုပ် ရွရွ လုပ်ဖို့ပါ။ ကဲရွစိရွစိလေးလုပ်ဖို့အောက်မှာကြည့်လိုက်ပါအနီရောင်နဲ့ပြထားတဲ့နေရာမှာကလစ်နှိပ်လိုက်ပါ
ပြီးရင်အပြာရောင်နဲ့ပြထားတဲ့နေရာမှထက်ကလစ်လုပ်လိုက်ပါ
Inline image 8
(၉) ဒီရောက်ရင်တော့အပေါ်ပြောခဲ့တဲ့အပြာရောင်ပြထားတဲ့နေရာမှာကလစ်လုပ်လိုက်ရင် အခုလိုBox လေးထက်ပေါ်လာပါ့မယ် ဒါဆိုရင်ကြည့်လိုက်ပါ
အပြာကြီးကွင်းပြထားတဲ့အထဲကနေမိမိကြိုက်တဲ့နေရာမှာကလစ်လုပ်ကြည့်လိုက်ပါပြီးရင်အဲအောက်မှာကြည့်လိုက်ပါရေးထားတဲ့စာလုံးလေးတွေရွစိရွစိနဲ့တွေရပါ့
မယ် ရွစိရွစိလေးလုပ်တာပြီးရင် open မှာကလစ်နှိပ်လိုက်ပါ
Inline image 9

(၁၀) ကဲဒီရောက်ရင်တော့(save)သိမ်းပါတာ့မယ်မိမိရေးထားတဲ့စာစိတ်တိုင်းကြပြီလားကြည့်ပါ
စိတ်တိုင်းကြပြီဆိုရင်တော့အနီရောင်ကွက်ပြထားတဲ့နေရာမှာကလစ်နှိပ်လိုက်ပါ
Inline image 10
(၁၁)  ဒီရောက်လာရင် file name မှာမိမိကြိုက်တဲ့နာမည်တစ်ခုရေးလိုက်ပါပြီးရင်
အနီရောင်ပြထားတဲ့နေရာမှာ GIF(*gif) ကိုထားပါ ပြီးရင် save မှာကလစ်နှိပ်လိုက်ပါ

Inline image 11
(၁၂) ဒီရောက်လာပြီဆိုရင် save မှာထက်ကလစ်နှိပ်ပြီးသိမ်းလိုက်ပါ
ပြီးရင်မိမိစက်ထဲပြန်ရှာကြည့်လိုက်ပါ..ပြီးပါပြီ
Inline image 12
ဒါလေးနှစ်ခုကတော့မြန်မာဖေါင့်လှလှလေးတွေပါ ဒေါင်းယူပြီး
မိမိစက်ထဲကိုအားလုံးဖြစ်ဖြစ်
installလုပ်ထားလိုက်ပါ
မြန်မာဖောင့် ဒေါင်းရန် http://www.mediafire.com/?b9v2wdtx2itch82
မြန်မာဖောင့် ဒေါင်းရန် http://www.mediafire.com/?buztzz8hbf7xrm9

(သူငယ်ချင်းထက်ထက်ရဲ.အစွမ်းပေါ့..)

Monday 16 April 2012

စာလုံးလေးများကို လှလှလေးရေးရအောင်

 

အခု online ပြောပြမဲ့လင့်ခ်လေးကတော့ အထက်က ပုံမှာလိုပေါ့ ..မိမိတို.ရေးချင်တဲ့ စာလုံးတွေကို 
ကြိုက်တဲ့ ပုံစံလေးနဲ့ ရေးလို.ရတဲ့ နေရာလေးပါ..Enter your text: ဆိုတဲ့ စာလေးရဲ.အောက်က box လေးမှာ ရေးချင်တာကိုရေးလိုက်တာနဲ.ပေါ်လာပါလိမ့်မယ်..အဲ..ကုဒ်လေးကိုလိုချင်ရင်တော့ ဘေးနားက  Generate code ကိုနှိပ်လိုက်ပါ..အောက်နားမှာ ကုဒ်ပေါ်လာပါလိမ့်မယ်.. လင့်ခ်လေးကတော့ အောက်မှာနော်...
မိမိတို.လိုသလိုသုံးစွဲနိုင်ပါတယ်လို.   ....

ဒီနေရာလေး  ကိုနှိပ်ပြီး သွားလိုက်နော်...

calendar နဲ.ဓာတ်ပုံပြုလုပ်လိုသူများအတွက်ပါ




အခု online ပြောပြမဲ့ အကြောင်းလေးကတော့ မိမိတို.ဓာတ်ပုံလေးတွေကို calendar နဲ.လုပ်ချင်တဲ့ 
သူငယ်ချင်းတွေအတွက်ပါ..သွားရမဲ့ လင့်ခ်လေးကတော့ အောက်မှာနော်...ဟိုရောက်ရင် ကြိုက်တဲ့ ပုံလေးတွေနဲ့ မိမိတို.ဓာတ်ပုံကို ပြောင်းလိုက်ပေါ့...

ဒီနေရာလေး  ကိုနှိပ်ပြီး သွားလိုက်နော်...

Monday 9 April 2012

ဖြတ်ညှပ်ကပ်လုပ်တဲ့ ဆော့လ်ဝဲလေးပါ

FaceonBody 2.4 (Portable)
ဖြတ်ညှပ်ကပ် ဆိုတာလေ..ခန္ဒာကိုယ် တစ်ခုမှာ အခြားမျက်နှာတစ်ခုကို လွယ်ကူစွာ တွဲဆပ်ပေးပါလိမ့်မယ်..
မိမိရဲ့ အနုပညာ မျက်စိ ရှိသလောက် သပ်ယပ် ပိရိ နေပါလိမ့်မယ်။
Portable ဖြစ်လို့ ဖိုင်သေးသေးလေးတစ်ခု သိမ်းထားယုံပါပဲ လိုချင်တဲ့အချိန် နှိပ်ပြီး သုံးရုံပဲဆိုတော့ နှစ်သက် ကြမှာပါ..

ဒီနေရာမှာ ဒေါင်းလိုက်နော်...

အထဲမှာ text ဖိုင်နဲ့ ကီးတွေရေးထားပေးပါတယ်..ဖွင့်လိုက်လို့ အောက်ကပုံအတိုင်း ပြလိမ့်မယ်။
Register လုပ်ပေးဖို့ပေါ့။ Register ကို နှိပ်ပေးပါ။text ဖိုင်ထဲက ကီးတွေ ကူးထည့်ပေးလိုက်ပါ။
ဒါဆိုသုံးလို့ရပါပြီ။ ဘယ်လို သုံးရမလဲဆိုတာ သူ့ဘာသာ တစ်ဆင့်ချင်း သရုပ်ပြ ပုံနဲ့ ပြပေးပါလိမ့်မယ်။
သူပြပေးတဲ့ အတိုင်း လုပ်သွားရုံပါပဲ။ တစ်ခု အရေးကြီးတာက မိမိ တွဲစပ်ပေးချင်တဲ့ (သုံးမယ့်) ပုံတွေကို My Document ထဲက My picture မှာ ထည့်ထားပေးတာ အဆင်ပြေဆုံးဖြစ်ပါတယ်။
 မိမိ မှာရှိတဲ့ ပုံတွေကို From my Hard disk ဆိုတာနှိပ်ပြီး ရွေးယူလို့ ရပေမယ့် My Picture ကို ရောက်သွားတာ ဖြစ်ပြီး အခြားနေရာကိုပြန်ထွက်ဖို့ ကြိုးစားလိုက်တာနဲ့ Hang သွားလို့ပါ။
ခုပြောတဲ့နည်းနဲ့ အဆင်ပြေပါလိမ့်မယ်..

ထက်ထက်ရဲ.ပို.စ်လေးပါ

ဓါတ်ပုံဒီဇိုင်းလှလှလေးလုပ်ဖို့ Photo Shine Portable

ဒီဆော့ဝဲကတော့ အင်စတောလုပ်စရာမလိုပါဘူး ...Portable လေးပါ
..Download ယူပြီးရင်တန်းဖွင်းသုံးရုံပါပဲ...လုပ်နည်း
လေးပါဖြည့်စွက်ပြီးပြထားပါတယ်မလုပ်တတ်တဲ့သူတွေကနမူနာတင်
ထားတဲ့ပုံလေးတွေကိုကွန်ပျုတာထဲအရင် ထည့်ပြီး ကြည့်လိုက်ပါ...အသေး
စိတ်ရှင်းထားပြီးအစမ်းလုပ်ပြထားပါတယ်...အားလုံးအဆင်ပြေပါစေ...

ဆော့ဝဲကို ဒီနေရာမှာ Download ယူပါနော်..

(သူငယ်ချင်း ထက်ထက်က မေးလ်ပို.ပေးလိုက်တာပါ..)

Sunday 8 April 2012

OnlineIconGenarator အသစ်လေး

ဒါလေးကလဲအရမ်းကိုကောင်းပါတယ်...အခမဲ့ OnlineIconGenarator အသစ်လေးပါ... ကြိုက်ကြမယ်လို့လည်းမျော်လင့်ပါတယ်...မိမိသုံးနေတဲ့ အီးမေးလ် လိပ်စာတွေ၊Website တွေဘလော့ဂါတွေအ စရှိ သော Website အမျိုးမျိုးကို Online ကနေပြီးမိမိကြိုက်တဲ့ Icon ကိုလုပ်ချင်ရင်ရပါတယ်...
Online Icon Generator လင့်ခ်ကို ဒီမှာ ယူလိုက်နော်...





Friday 6 April 2012

MP4 သီချင်းလေးများ


MusicPlaylist

MusicPlaylist

online မင်းသားကို ဆက်သွယ်လိုပါက

foxyform.com
online မင်းသား ဆီကိုလာလည်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးပါနော်...မသိတာများရှိရင် ဒီမှာ
မေးလ်ပို.ပြီး မေးမြန်းနိုင်ပါတယ်..online မင်းသား သိသလောက်တော့ သူငယ်ချင်းတွေအားလုံး သိရမှာပါ..ဆက်ပြီးတော့ ကြိုးစားနေဆဲပါ....

လွယ်ကူတဲ့ photo editing link လေးတွေပါ..

          



Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား