Wednesday 2 January 2013

flash song လင့်ခ်ချိတ်နည်းနှင့် လက်ဆောင်ပေးနည်း

အကိုရေ ညီကဖလက်စောင်းလုပ်တာဝါသနာပါတယ်..
အဲဒါ လင့်မချိတ်တတ်လို့ နောက်ပြီးအကိုပေးထားတဲ့
ကုတ်တွေနဲ့လုပ်တာလဲ အဆင်မပြေဘူးအကိုရ...
ညီမလုပ်တတ်တာပါ..နောက်ပြီး သယ်ချင်းတွေကိုလဲ
လက်ဆောင်ပေးတာတို့ပေါ့လေ...အဲဒါ
ဘယ်ကစပြီးတင်ရလဲနောက်ပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာအသေးစိတ်လေးရှင်းပြပေးပါလားအကို...အကို့ဘလော့မှာ ပို့စ်လေးနဲ့ဖြစ်ဖြစ်တင်ပေးပါလို့ တောင်းဆိုပါရစေနော်အကို....ကျေးဇူးအများကြီးတင်ပါတယ်အကို ညီကစာလဲသိပ်မရေးတတ်လို့ အရေးမှားတာရှိရင်လဲ ခွင့်လွှတ်ပေးပါနော်အကို....
ညီလုပ်တဲ့ဆော့ဝဲလ်က SWISH Max 4 ပါအကို..


ဒီပို.စ်လေးကို သားငယ် (12.ww.koshwetawthar.com@gmail.com) က တောင်းဆိုထားလို. သားငယ်နဲ.အတူ
မသိသေးတဲ့ သူငယ်ချင်းများသိစေရန် ရည်ရွယ်ပြီး online တင်ပေးလိုက်တာပါ...ဒါပေမဲ့ flash song ဘယ်လိုလုပ်ရတယ်ဆိုတာကိုတော့ online မရေးတော့ပါဘူး..ဒါကလဲ သားငယ်တောင်းဆိုတဲ့အထဲမှာမပါလို. ပြီးတော့ သားငယ်နဲ.အတူသူငယ်ချင်းအားလုံးလည်းလုပ်တတ်မယ်ထင်လို.ပါ..ကဲ..ပထမဆုံးမိမိတို.လုပ်ထား
တဲ့သီချင်းလေးတွေလင့်ခ်ထုတ်နည်းကို online ပြောပြပါမယ်... သီချင်းလေးကိုမိမိတို.စိတ်တိုင်းကျလုပ်ပြီး
သွားပြီဆိုရင် ဘယ်ဘက်ထိပ်က File ကိုနှိပ်လိုက်ပါ..ကျလာတဲ့ box ထဲက Export ကိုနှိပ်လိုက်ရင် ဘေးကို box တစ်ခုထွက်လာပါလိမ့်မယ်..အဲဒီထဲမှာ online တို.သူငယ်ချင်းတွေအားလုံး ထုတ်ရမဲ့ ဖိုင်က နှစ်ခုပါ...
"swf" နဲ. "exe" ပေါ့...swf က လင့်ထုတ်ပြီး online ပေါ်မှာ တိုက်ရိုက်နားဆင်လို.ရပါတယ်... exe ဖိုင်ကတော့
မိမိတို.ကြည့်လို.ရသလို သူငယ်ချင်းတွေကိုလည်း မေးလ်ပို.ပေးလို.ရပါတယ်...ဒါမှာမဟုတ် swf ဖိုင်ကိုပဲ
လင့်ခ်ထုတ်ပြီးတော့ ပို.ပေးလို.လည်းရပါတယ်...
နောက်တစ်ခု.....swf ဖိုင်ကိုလင့်ခ်ထုတ်ချင်တယ်ဆိုရင် ဆိုရှယ်ဆိုဒ် (ဥပမာ- ဖူးစာရှင်းလေး၊ ရွှေမြို.တော် စသည်ဖြင့်) တစ်ခုခုမှာ အကောင့်အရင်လုပ်လိုက်ပါ...ပြီးရင် ပို.စ်တင်ရန်ဆိုတဲ့နေရာမှာ နှိပ်လိုက်ပါ..
ပြီးရင် အောက်ကပုံမှာလို အနီနဲ.၀ိုင်းပြထားတဲ့နေရာကိုနှိပ်လိုက်ပါ...

 

ပြီးရင်အောက်ကပုံမှာလို Browse ဆိုတဲ့နေရာကိုထပ်နှိပ်ပြီး သူငယ်ချင်းလုပ်ထားတဲ့ flash song swf ဖိုင်လေးကို ရွေးပေးလိုက်ပါ...



ပြီးရင် အောက်ကပုံလေးလို သူအလုပ်လုပ်နေပါလိမ့်မယ်...ခဏစောင့်နေလိုက်ပါ...


အဲ...ပြီးသွားပြီဆိုရင်တော့ သူငယ်ချင်းလိုချင်တဲ့လင့်ခ်လေးကို Link Url ဆိုတဲ့နေရာမှာတွေ.ရပါပြီ...
အဲဒီလင့်ခ်လေးကို copy ကူးလိုက်ပေါ့...အောက်မှာ ပုံနဲ.လည်းပြထားပေးပါတယ်...


ကဲ...ဒါဆိုရင်တော့ သူငယ်ချင်း သားငယ် နဲ.အတူ သူငယ်ချင်းတွေလိုချင်တဲ့ သီချင်းလင့်ခ်လေးကို ရပါပြီနော်..တိုက်ရိုက်နားဆင်ချင်တယ်ဆိုရင်တော့ အဲဒီလင့်ခ်လေးကို copy ကူးပြီး mozilla ရဲ. new tab မှာ 
paste လုပ်လိုက်ပေါ့...
နောက်တစ်ခု သူငယ်ချင်းတွေကို လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ ဒီနေရာလေး ကိုနှိပ်ပြီး ကုဒ်ယူလိုက်နော်...အဲဒီကုဒ်ကို copy လုပ်ပြီး ကိုယ်ပေးချင်တဲ့ သူငယ်ချင်းရဲ. Text Box ကိုသွားလိုက်ပါ...
ပြီးရင် HTML ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ...



ပြီးရင် ခုနက copy ကူးလာတဲ့ ကုဒ်လေးကို paste လုပ်လိုက်ပါ...အဲဒီကုဒ်ထဲမှာ" flash သီချင်းလင့်ခ်ထည့်ရန် "
ဆိုတဲ့စာသားနှစ်နေရာပါပါတယ်...အဲဒီစာသားနေရာမှာ ခုနက သူငယ်ချင်းတို.ရဲ. လင့်ခ်ထုတ်ထားတဲ့ flash သီချင်းလင့်ခ်လေးကို အစားထိုးလိုက်ပါ...ပြီးရင် အောက်က သိမ်းရန်ဆိုတဲ့နေရာကို နှိပ်လိုက်ရင် ကိုယ်ပေးချင်တဲ့ သူငယ်ချင်းဆီကို အဲဒီသီချင်းလေးရောက်သွားပါပြီ...
ကဲ...ဒီလောက်ဆိုရင် သူငယ်ချင်းသားငယ်လည်း သိလောက်ပြီးလို. online ယူဆပါတယ်...လိုအပ်တဲ့ဆော့လ်
ဝဲများရှိရင်လည်း မေးလ်နဲ.ဖြစ်စေ၊ online မင်းသားဆိုဒ်အောက်နားက မေးလ်ပုံစံနဲ.ဖြစ်စေ ပေးပို.မေးမြန်းနိုင်
ပါတယ်နော်....နှစ်သစ်မှာ သူငယ်ချင်းအားလုံးပျော်ရွှင်ကြပါစေလို.ဆုတောင်းပေးလျှက်..........................။

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား