ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ
ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက်
စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊
ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ် ၊
ကျနော်တို့မှာ ဒေါ်လာတွေ သန်းချီပြီး ထည့်ထားတဲ့ ဘဏ်စာရင်း နံပါတ်တွေလည်း
မရှိဘူး ၊ သတင်းတွေ အတင်းတွေကို ရောင်းစားလို့ ရလောက်အောင် ကျနော်တို့က
super stars celebrities တွေလည်း မဟုတ်ဘူး ၊ အဲဒါကြောင့် အများစုက
ဟက်ကာတွေရဲ့ရန်ကနေ လွတ်ကင်းနေကြသေးတယ် ၊ သို့သော်လည်း ဘာအတွက်မှ မဟုတ်ပဲ
ဟက်လို့ရတဲ့ Gmail တို့ facebook တို့က ID နဲ့ password တွေကို
ထောင်သောင်းချီပြီး ထုတ်ပြနေတဲ့ ဟက်ကာငကြွား အစွမ်းပြသမား တွေကလည်း
ရှိနေတော့ သတိတော့ ထားရမှာပဲ ။
တချို့တွေ ကျပြန်တော့လည်း
ဟိုဖက်ဒီဖက် password လေးတွေ လဲလှယ်ထားကြတာမျိုး ကလည်းရှိနေတော့
ကိုယ်ဝင်ဖတ်လိုက် သူဝင်စစ်လိုက်နဲ့ပေါ့ ။
အဲဒီလိုမျိုး ကိုယ့် Gmail
ထဲကို ဘယ်အချိန်မှာ ဘယ်နေရာကနေ ၀င်သွားတယ်ဆိုတဲ့ မှတ်တမ်းကလေးကို
ကျနော်တို့ သိနိုင်ရင် ကောင်းမှာပါ ၊ တလောက ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့
Gmail ကို ဖွင့်ပြီး စစ်ပြတော့ မသင်္ကာစရာ တစ်ခုတွေ့ရတယ် ၊ အဲဒီလိုပဲ
မကြာမကြာ ဆိုသလို Gmail account တချို့ ၀င်မရဘူးလို့ ပြောနေတာတွေလည်း
ကြားနေရတယ် ၊ ဒါနဲ့ပဲ စစ်ကြည့်ရမယ့် နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ၊
အနည်းဆုံး တစ်ခါတော့ စစ်ကြည့်သင့်ပါတယ် ။
သေချာစေချင်တယ်ဆိုရင် ပထမဆုံး
ကိုယ်သုံးနေတဲ့ IP (Internet Protocol) address ကို သိအောင်လုပ်ရပါမယ် ၊
အဲဒါကလည်း ဘာမှမခက်ပါဘူး google search bar (www.google.com) မှာ my ip
လို့ရိုက်လိုက် ၊ ရိုက်လို့တောင် မပြီးသေးဘူး ပေါ်လာပြီ ၊ အောက်မှာ
ဖတ်ကြည့်ပြီး မှတ်ထားလိုက် ၊ အဲဒါမှ ခက်သေးရင်လည်းရတယ် ဘာမှမလုပ်နဲ့ ၊
နောက်မှ အဖြေကို ကြည့်ပြီး စဉ်းစားနည်းပြောမယ် ။
ကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့
account နဲ့ login ၀င်လိုက်ပါ ၊ mail စာမျက်နှာရဲ့ ဟိုးညာဖက်
အောက်ဆုံးဒေါင့်မှာရှိတဲ့ Details ဆိုတဲ့ စာလုံးလေးပေါ် ကလစ်လုပ်လိုက်ပါ ၊
အဲဒီမှာ Gmail account ထဲကို ၀င်သွားတဲ့မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်
Access type (ကွန်ပြူတာကနေ၀င်သုံးတာလား ၊ ဖုန်းကနေ ၀င်တာလား စသည်) ၊
Location (၀င်သုံးတဲ့နိုင်ငံ) ၊
IP address ( အင်တာနက်လိပ်စာ) ၊
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ် ..
အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင် highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ်
Location (၀င်သုံးတဲ့နိုင်ငံ) ၊
IP address ( အင်တာနက်လိပ်စာ) ၊
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ် ..
အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင် highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ်
ကိုယ်ရှိနေတဲ့နိုင်ငံနဲ့
ကိုယ်သုံးစွဲခဲ့တဲ့ အချိန်တွေကို ကြည့်ပြီး ကိုယ့်စက်ရဲ့ IP ဘာဖြစ်မလဲ
ကြည့်ပါ ၊ မကြာခဏ တူနေတာ ကိုယ့် IP ပေါ့ ၊ ကိုယ်က Gmail
တဲ့သုံးတဲ့အချိန်နဲ့ စက်ကဖေါ်ပြထားတဲ့ သုံးစွဲချိန်ကို
တိုက်ဆိုင်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ် ၊ သူငယ်ချင်း အခန်းမှာ
သွားလည်တုန်း Gamil ဖွင့်တယ်ဆိုရင်လည်း IP ပြောင်းသွားပါလိမ့်မယ် ၊
နိုင်ငံတော့ မပြောင်းဘူးပေါ့
ဒါဆိုရင် ကိုယ်နဲ့ ဆိုင်တဲ့သူ
ဝင်တာလား မဆိုင်တဲ့သူ ၀င်မွှေသွားတာလားဆိုတာကို စစ်ဆေးကြည့်နိုင်ပါပြီ ။
(၀န်ခံချက်-ဒီနည်းလေးကို zplintan ကနေတိုက်ရိုက်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)
No comments:
Post a Comment