Tuesday 12 June 2012

မိန်းကလေးများနားလည်နိုင်ကြပါစေ

ယောက်ျားလေးတွေ ရဲ့ ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေးကိုတင်လိုက်ရတာပါ။

1. မချစ်ပဲနဲ့ ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်၇င်မချစ်ဘူးအစကထဲကပြတ်သားပေးပါ...
(စမ်းစစ်ဖို့ လုံလောက်တဲ့အချိန်ကိုယူသင့်ပါတယ်)
2. ၇ည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ...ဒါပေမယ့် အတတ်နိုင်ဆုံး
အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ...အချိန်ကြာပြီးမှလိမ်ညာတယ်ဆိုတာ သိ၇တဲ့အခါ ခံစားရတဲ့ သူမှာပိုပြီးနာကျင်စေပါတယ်...
3. ချစ်သူယောက်ျားလေးေ၇ှ့ မှာ အရင်၇ည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး...
4. မိန်းကလေးအများစုပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့...ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?
5.ယောက်ျားလေးတွေဟာချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့၇က်တွေထက် အဲဒီနေ့၇က်တွေမှာ ဘာလုပ်ခဲ့တယ်
ဆိုတာကို သတိပိုရတတ်တယ် မိန်းကလေးတွေနဲ့ကွာနေတဲ့အချက်ကတော့နေ့စွဲတွေကိုမှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေက
အလွတ်ကျက်ထားလို့၇ပေမယ့် အမှတ်တ၇လေးတွေကို အလွတ်ကျက်ထားဖို.ဆိုတာမဖြစ်နိုင်ပါဘူး...

6. ချစ်သူတွေ ဖြစ်သွားကြ၇င် သူငယ်ချင်းယောက်ျားလေးတွေနဲ့ အေ၇ာတ၀င်မနေပါနဲ့ … အထူးသဖြင့်
ကိုယ့်ချစ်သူကောင်လေး၇ဲ့ေ၇ှ့ မှာပေါ့...

7. ချစ်သူယောက်ျားလေးနဲ့ချိန်းတွေ့ တဲ့အခါ မထင်မှတ်တဲ့ ကြင်နာမှုလေးတွေကို ပေးပါ...နှစ်များစွာတိုင်အောင် သူသတိရနေမှာပါ...
 (ဥပမာ - ကိုယ်တိုင် ချက်ယူလာတဲ့ဟင်းနဲ့ ထမင်းချိုင့်လေးကို သူ့ ကိုကျွေးတာမျိုးပေါ့ )
8. ယုံကြည်မှုပေးပါ... ယောက်ျားလေးတိုင်းဟာ အခွင့်အေ၇းသမားတွေမဟုတ်ပါဘူး ...လွတ်လပ်စွာ
နေချင်ရုံသက်သက်ကို ဆိတ်ကွယ်၇ာလို့ မထင်မှတ်ပါနဲ့...

9. တခါတလေ ယောက်ျားလေးတွေမှာ ဆန်းသစ်တဲ့စိတ်ကူးလေးတွေရှိကြတယ် …(ဥပမာ - တီရှပ် အင်္ကျီ အတူလေးတွေဝယ်ပြီး လျောက်လည်ချင်တာလို ဟာမျိုးပေါ့ …သဘောမတူရင်နေပါ ကြောင်လွန်းပါတယ်
လို့တော့ မတုံ့ ပြန်မိစေနဲ့ပေါ့)

10.ယောက်ျားလေးတွေမှာလည်းမိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့်
ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်ဆိုရင် သူတို့ ရဲ့ပတ်သက်မှုကကွာခြားလွန်းပါတယ်…မောင်၊နှမလို သဘောထားမျိုးပါ …။

11. ယောက်ျားလေးတွေကချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့်
ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

12. တခါတ၇ံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေကထင်တတ်ကြတယ်… အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကိုမဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။
13. ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကိုယ့်ချစ်သူလို့ ပြောဖို့ ၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကိုယ့်ချစ်သူ လို့ အသိပေးစေချင်ကြတယ် …Action to action ပါ ပဲဗျာ … မိန်းကလေးကသာ သူ့ မိတ်ဆွေတွေ အလယ်မှာ ချစ်သူလို့ အသိပေးပါစေ…ယောက်ျားလေးများက သူ့ အလိုလို သူငယ်ချင်းတွေနဲ့တွေ.တိုင်းချစ်သူလို့မိတ်ဆက်ပြီးသားဖြစ်သွားပါလိမ့်မယ် …။

14. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ
လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူး...
နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

15. ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့
ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။

16. ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေး၇ဲ့ တာဝန်ပါ …
ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။

17မိန်းကလေးတစ်ယောက်ကထက်မြက်နေဖို့မလိုပါဘူး....
ဘေးနားကနေအလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ...ကူညီပေးနိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့
18. ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ 
ထိန်းချုပ်နိုင်မှုစွမ်း၇ည်တွေက အလကား ထားတာမဟုတ်ပါဘူး … လူ့ တန်ဖိုးရဲ့အဆုံးအဖြတ်တွေပါ ။

19. ယောက်ျားလေးတွေ၇ဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က် ၊ကွမ်း)စတာတွေကို
မကြိုက်၇င် ချစ်သူမိန်းကလေး ကပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေး၇ဲ့ ပါးနပ်စွာပြောဆိုနိုင်မှုနဲ.
နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။

20. နောက်ဆုံးတစ်ချက်ကတော့ မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါယောက်ျားလေးတစ်ယောက်ရဲ.မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ယောက်ျားတစ်ယောက်ဟာမိမိချစ်သူမိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ.မာနကမာနကြီးလှပါတယ်ဆိုတဲ့မိန်းကလေးတွေထက်အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..လောကမှာအဆိုးနဲ့ အကောင်း ဒွန်တွဲနေပါတယ်… လူဆိုးရှိသလိုလူကောင်းလည်းရှိမှာပါ
...မည်သူကိုမှထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး။ ချစ်သူယောက်ျားလေးအပေါ်ကိုမိန်းကလေးတွေနားလည်ပေးနိုင်ရင် ကျေနပ်ပါတယ်။


(online ရဲ.ညီလေး ဝေစိုးဟန် ရဲ.မေးလ်ပို.ပေးထားတဲ့ ပို.စ်လေးပါ..ဂွတ်တယ်နော်)

No comments:

Post a Comment

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား