Friday 20 July 2012

မိမိသုံးနေသော Computer ကို မြန်မြန်လေး သုံးကြမယ်

ဒါလေးကတော့ ဘလော့ခ်ဂါ နေဇော်လင်းရဲ.ပို.စ်လေးပါ..အသုံးဝင်မယ်ထင်လို. ပြန်လည်ကူးယူဝေမျှထားတာပါ...

မိမိသုံးနေသော ကွန်ပျူတာကို ပို၍မြန်ဆန်စွာ အသုံးပြုနိုင်ဖို့ အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ကျွန်တော် လက်တွေ့အသုံးပြု နေတဲ့ နည်းလေးကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်။

ကွန်ပျူတာသုံးသော မိတ်ဆွေအတွက် အဓိက ပြသာနာ တစ်ခုက ဖိုင်တစ်ခုခု ဖွင့်ရင် အရမ်းကြာနေ၍ စောင့်ရတာမျိုးတွေ ရှိနေတတ် ကြပါတယ်။ သားတို့တွေက လူငယ်တွေဆိုတော့ ဘာကိုမှ မစောင့်ချင် ဒါမျိုးဆို စိတ်ကတိုရော ... ဘယ်သူမှ မစောင့်ချင်ကြဘူးနော်။

ဒီတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ပြောပြပါ့မယ်။ မိမိသုံးနေတဲ့ ကွန်ပျူတာကို မြန်ဆန်လာဖို့အတွက် Hard Disk ကိုတစ်လတစ်ခါ လောက်တော့ Defrag လုပ်ရပါတယ်။ တကယ်တော့ Data ဝင်ယူနေတဲ့ နေရာနဲ့ Data မရှိတဲ့နေရာလွတ်တွေကို စနစ်တကျဖြစ်အောင် ပြန်စီတာပဲ ဖြစ်တယ်။ ဒီလိုလုပ်လိုက် စီလိုက်ရင် ကွန်ပျူတာကို အသုံးပြုရတာပိုပြီး မြန်ဆန်လာမှာ ဖြစ်ပါတယ်။

ကဲ ... ဘယ်လိုလုပ်ရမလဲ ... လက်တွေ့ပုံလေးတွေနဲ့ လေ့လာရအောင် ...

1: Start ကိုနှိပ်လိုက်ပါ။

2: Control Panel


3: Perfomance Information and Tools


4: Advanced tools


5: Open Disk Defragmenter တစ်ချက်နှိပ်လိုက်ပါ။


6: Hard Disk (C:) ကိုအရင်စစ်ရအောင်

အောက်က ပုံစံလေး ပေါ်လာနေပါပြီ။ Defrag မလုပ်ခင်မှာ Analyze Disk နဲ့ Hard Disk လေးကိုတစ်ချက် နှိပ်ပြီး အရင် ဆုံးစစ်ဆေးရပါတယ်။


ခဏလေး ကြာရင် Defagment Disk လေးကိုတစ်ချက်နှိပ်ပြီး စောင့်နေလိုက်ပါ။ မိနစ်အနည်းငယ် ကြာလိမ့်မည်။ အောက်က ပုံလေးက Defagment Disk လုပ်နေတဲ့ ပုံလေးဖြစ်ပါတယ်။


Hard Disk (C:) စစ်ပြီးသွားပြီဆိုရင် Hard Disk (D:) ကိုလည်း ခုနာက ပြောထားအတိုင်း ဆက်လက်စစ်လိုက်ပါ။ (E:) ကိုလည်းစစ်လိုက်ပါ။

အားလုံးစစ်ပြီးသွားပြီဆိုရင် မိမိဘယ်နေ့က Defrag တွေကိုစစ်ထားလဲ ဆိုတာနေ့ရက် ၊ အချိန်တွေကို ကြည့်လိုက်ပါ။ Last Run အောက်မှာ ဖော်ပြထားပါတယ်။ သေချာအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါ။


ကဲ ... အားလုံးပြီးသွားပါပြီး Close ကိုပိတ်လိုက်ပါ။ အောက်က နောက်ထပ် တစ်နည်းကို ဆက်လက် လုပ်ဆောင်လိုက်ပါ။

နောက်တစ်နည်းဖြစ်တဲ့ မိမိကွန်ပျူတာ စက်ထဲက အမှိုက်တွေရှင်းတဲ့ နည်းလေးကို ဆက်လက် လုပ်ဆောင် လိုက်ပါ။

အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၄)နည်းကို ပြောပြပါမယ်။ သိပြီးတဲ့ လူတွေ အတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့ လူတွေ အတွက်ကတော့ အကျိုးရှိမှာ သေချာပါတယ်။

ပထမဆုံး လုပ်ဆောင်ရမှာက

( Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။ အဲဒီ Run box လေးပေါ်လာလိမ့်မယ်။ ( မိမိ ကွန်ပျူတာတွင် Window ပုံလေးနှင့် R ကို နှိပ်ပါ။ တစ်ခါတည်း အတူတူ နှိပ်ပါ။ Run box လေးပေါ်လာလိမ့်မည်။ )

1: Temp ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
2: %temp% ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
3: Prefetch ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
4: Recent ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

ဘာမှမကြောက်ပါနဲ့ ရဲရဲသာ ဖျက်လိုက်ပါ။ မိမိရဲ့ဖိုင်တွေတစ်ခုမှ မပါသွားပါဘူး။ မိမိ သုံးထားတဲ့ အမှိုက်တွေကို ဖျက်ပေးတာပါ။

ခဏလေး ပြောစရာတစ်ခု ကျန်သေးတယ်။ Recycle Bin ( အမှိုက်ပုံး )ထဲ က အမှိုက်တွေ ကို ဖျက်လိုက်ဦးနော်။ ပြီးရင် Computer Restart လုပ်လိုက်ပါ။

ကဲ .... ပြန်ဖွင့်ပြီး သုံးကြည့် ... ဘယ်လိုလဲ ကွန်ပျူတာလေး မြန်သွားပြီ မဟုတ်လား ... နောက်ဆို တစ်လတစ်ခါ လောက်တော့ ဒီပုံစံအတိုင်း လုပ်ပေးပါနော်။ ဒါဆို ကွန်ပျူတာ သုံးတိုင်း ဖိုင်တွေဖွင့်တိုင်း မြန်မြန်ဆန်ဆန် လေးနဲ့ လန်းလန်းလေး သုံးရပြီပေါ့ဗျာ.........


No comments:

Post a Comment

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား