Friday, 28 December 2012
android ဖုန်းတွေအတွက်ကောင်းလိုက်တဲ့ apk လေး
online ပေးမဲ့ ဒီ apk လေးကတော့ ဖုန်းတစ်လုံးရဲ. တည်နေရာကို နောက်ဖုန်းတစ်လုံး ဒါမှမဟုတ် ဖုန်းနှင့် ချိတ်ဆက်ထားသည့်ကွန်ပျူတာမှတစ်ဆင့်အချင်းချင်းချိတ်ဆက်မှုရှိတယ်ဆိုရင်တည်နေရာကို ခြေရာခံ
ဖော်ပြပေးနိုင်တဲ့GothereMyanmarapk လေးပါ..
မိမိဖုန်းကနေ အခြားဖုန်းတစ်လုံးရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် ကိုယ်သိချင်တဲ့ ဖုန်းပိုင်ရှင်ဆီကို message လှမ်းပို့ရပါမယ်..ဟိုဘက်ဖုန်းကလည်း message ပြန်လာပြီဆိုရင် ဒီဖုန်းနှစ်လုံးကြားထဲမှာ ဒီ apk က အလုပ်လုပ်ပြီး သိချင်တဲ့ ဖုန်းရဲ့ တည်နေရာကို ပြပေးမှာပါ...ပြီးတော့ realtime mobile movement tracking လည်း လုပ်လို့ရလို.လည်းသိရပါတယ်.. ကုမ္ပဏီဝန်ထမ်းများ ၊အိမ်ကားဒါရိုက်ဘာများ ကားအလွဲသုံးစားလုပ်ပြီး သွားလာတာ၊ Marketing Staff များ သတ်မှတ်ထားတဲ့ နေရာတွေမှာ မရှိတာတွေကိုပါ ချက်ချင်း သိရှိနိုင်ပါတယ်လို.လည်း ဆိုပါတယ်...
Software ထည့်သွင်းထားပါက မိမိရောက်နေသော နေရာသို့ လာရောက်ရန် လမ်းမသိသော သူငယ်ချင်းထံသို့ Location Sharing ပြုလုပ်၍ ဖုန်းမှတစ်ဆင့် လမ်းပြပေးနိုင်ပါသေးတယ်... GPS Tracking မှာ သွားခဲ့သည့် နေရာများကို ပြန်လည် ကြည့်ရှုနိုင်ပါသေးတယ်...
မြေပုံပေါ်တွင်လည်း မြို့၊ လုပ်ငန်း၊ အဆောက်အဦများကို အလွယ်တကူ ရှာဖွေနိုင်ပြီး Map Info ခြောက်သောင်းကျော်ခန့် သွင်းထားတယ်လို.ဆိုပါတယ်...မိမိ ရောက်ရှိနေသည့် နေရာကို ကိုယ်ကိုယ်တိုင် မသိပါကလည်း ရောက်ရှိရာ နေရာအနီးရှိ ဟိုတယ်၊ စားသောက်ဆိုင်၊ ဘတ်စ်ကား မှတ်တိုင်များကို အလွယ်တကူ ရှာဖွေလို.ရပါတယ်...အသုံးပြုရန်အတွက် GPS ဖွင့်ရန် သို့မဟုတ် Internet Connection ချိတ်ဆက်ရန် လိုအပ်သော်လည်း Battery Saving, Cost Saving ဖြစ်စေရန် Assistant Location Sensing (ALS) စနစ်ကို ထည့်သွင်းပေးထားတယ်လို.ဆိုပါတယ်..
ကဲ...ဘယ်လောက်ပြည့်စုံလိုက်သလဲ...မြန်မြန် download လုပ်ပြီး ကိုယ့်ကောင်မလေးဖုန်းထဲကိုသာ
မြန်မြန်ထည့်ပေးထားပေတော့...ဒါမှ ဟင်းးးးးးသူဘယ်သွားလဲ သိရမှာ...ခိ
လိုချင်တယ်ဆိုရင်တော့ ဒီနေရာလေး မှာယူလိုက်နော်....ပျော်ရွှင်ကြပါစေ....
Subscribe to:
Post Comments (Atom)
- မိမိရဲ. password ကလုံခြုံမှု.ရှိရဲ.လား
- ကာရာအိုကေဆိုလို.ရတဲ့ ဆော့ဝဲလ်လေးပါ..(အရမ်းမိုက်တယ်..online အကြိုက်ပေါ့..)
- Gtalk က ဓာတ်ပုံကို slideshow ပြမဲ့ဆော့ဝဲလ်လေးပါ...
- ကိုယ်သေရမဲ့အချိန်ကို သိချင်ရင် ကြည့်လို.ရပါတယ်...
- ကိုယ်သုံးနေတဲ့ ကွန်နက်ရှင်အားကိုပြပေးတဲ့ မီတာဒိုင်ခွက်လေးပါ
- ကွန်နက်ရှင်မကောင်းရင်တောင်ချက်လို.ရတဲ့ နေရာလေးပါ..
- လေ့လာစရာဆိုဒ်ကလေးပါ..
- နာရီလှလှလေးတွေ
- အန်နီမေးရှင်းဆိုဒ်ကောင်းလေးပါ
- icon လုပ်တဲ့ဆိုဒ်လေးပါ
- သီချင်းလေးတွေကို code အဖြစ်ပြောင်းပေးတဲ့ ဆိုဒ်လေးနော်
- logo လုပ်တဲ့ဆိုဒ်လေး
- ဂိမ်းဆိုဒ်လေးပါ
kyae zuu tin par tal nyi lay yal.....
ReplyDelete