Wednesday, 15 August 2012

folder တွေကိုအရောင်ပြောင်းပေးမဲ့ဆော့လ်ဝဲလေး

http://api.ning.com/files/-r1O902*ymycz6FwS01z4BR02R626L7cE0EeZ77-b9jR-SXG-WwSFhIHBmU79tOWzpTKA*hPglEu*JKXUFxm7Yr0eEeHyScc/2.png
အရမ်းကောင်းတဲ့ software တခုအကြောင်းပြောပြမယ်နော် မိမိကွန်ပျုတာမှာရှိတဲ့ folder တွေကို
အရောင်အမျိုးမျိုး ပြောင်းမယ် မကြိုက်သေးဘူးဆိုရင် ဒီဇိုင်းပုံစံအမျိုးမျိုးကိုပြောင်းလို့ရပါတယ်
စိတ်ဝင်စားဖို့ကောင်းပါတယ်နော် ပြောင်းဖို့အဆင့်ဆင့်ကိုထက်ထက်ပြောပြမယ်နော် သူငယ်ချင်းတို့
စမ်းသပ်ကြည့်တဲ့အခါမရှင်းမှာစိုးလို့ပါ
အရင်ဆုံး Download ဖိုင်လေးကိုဒေါင်းပြီးတာနဲ့ဖွင့်လိုက်ရင် အောက်ကပုံလေးအတိုင်းဖြစ်သွားပါလိမ့်မယ်


ဒီဇိုင်းပုံစံတွေအများကြီးရှိပါတယ် ပုံမှာပြထားတဲ့အတိုင်းတခုချင်းစီကိုဖွင့်ကြည့်ပါ
အောက်မှာရှိတဲ့ပုံလေးတွေအတိုင်းတွေ့ရပါလိမ့်မယ်

Colors


Everyday


ABC...


Main


Folder ကိုဘယ်လိုပြောင်းမလဲဆိုတာ ပြောပြမယ်နော်
(1) အပေါ်ဆုံး မှာ ကိုယ်ပြောင်းချင်တဲ့ folder ကိုထည့်မယ်
 (2) ကိုယ်ကြိုက်တဲ့ဒီဇိုင်းပုံစံကိုပြောင်းမယ် ပြီးရင်ကိုယ်ပြောင်းချင်တဲ့ဒီဇိုင်းကို ကလစ်တစ်ချက်နှိပ်လိုက်ပါ (3) ပြီးရင်အောက်က အကွက်လေးနှစ်ခုကိုအမှန်ခြစ်လိုက်ပါ
(4) နောက်ဆုံးမှာ Apple လေးကိုနှိပ်လိုက်ပါ ဒါဆိုရင် folder လေးပုံစံပြောင်းသွားပါလိမ့်မယ်နော်
 ဒီလို folder ကိုဒီဇိုင်းပြောင်းဖို့အတွက် Download လုပ်ရအောင် ဒီနေရာလေးကိုနှိပ်လိုက်နော်..
သူ့ အတွက်ကီးတွေကိုအောက်မှာယူသုံးလိုက်ပါ။
* 0YrqqfBLMnQOb9BLM5cTRfAV+dukjD
* OBZLeyYJIy+ItUgQHBlK7+APeicJyt
* 48Hl2BXwYkayYbwT+Xnaa7qHLYhYbY
* USu5M9gXxG1AQROg+C0jY92LKFdzRU
* pmBiwMMtcfMSDctxs4Igbibsexh00u
* lkuLx/VflkooVwRVHneOAw=

 မူရင်းလင့်ကိုသွားချင်ရင် ဒီနေရာလေးမှာပါ...

ပုံအသစ်ကိုအဟောင်းပုံစံပြောင်းချင်ရင်

သူငယ်ချင်းတို့ရဲ့ပုံလေးကို ပုံအဟောင်းဖြစ်အောင် လုပ်ကြည့်မယ်နော်... စိတ်ဝင်စားမယ်ဆိုရင်စမ်းသပ်ကြည့်နော် ..လုပ်ပုံလုပ်နည်းကို ပုံနဲ့ပြထားပါတယ်.. ကဲ အရင်ဆုံး ဒီနေရာလေးကိုနှိပ်ပြီး သွားလိုက်နော်... ပုံလေးကိုအစားသွင်းပြီးပြီဆိုရင် မသိမ်းခင်ပုံကိုပြင်လို့ရပါတယ်နော်...
Color ဘေးက ထောင့်လေးကိုနှိပ်လိုက်ရင် ပုံရဲ့နောက်ခံအရောင်ကို ပြောင်းလို့ရပါတယ်.. How Old ဘေးက ထောင့်လေးကိုနှိပ်လိုက်ရင် ပုံလေးက ဟောင်းသထက်ဟောင်းအောင်ပြင်လို့ရပါတယ်.. သိမ်းတော့မယ်ဆိုရင် Save Photo လေးကိုနှိပ်လိုက်ရင် အောက်မှာတွေ့ရမဲ့ ဘောင်လေးထွက်လာပါလိမ့်မယ်.. Save Photo ကိုနှိပ်လိုက်ပါ...
ဒီလိုဖြစ်အောင် စိတ်ဝင်စားမယ်ဆိုရင် စမ်းသပ်ကြည့်နော်.. မူရင်းလင့်သိချင်ရင် ဒီနေရာမှာပါ မူရင်းလင့်ထဲမှာလည်း စိတ်ဝင်စားစရာ ပုံစံလေးတွေရှိပါတယ် စမ်းသပ်ကြည့်ပါနော်... (ထက်ထက်ရဲ.ပို.စ်လေးပါ)

Tuesday, 14 August 2012

ပုံလှလှလေးတွေပေါ်မှာ Message ရေးရအောင်

သူငယ်ချင်းတို့ရဲ့ သူငယ်ချင်းကိုပဲဖြစ်ဖြစ် ချစ်သူဆီကိုပဲဖြစ်ဖြစ် ဒီဇိုင်းမျိုးစုံရှိတဲ့ ပုံလှလှလေးနဲ့ Message ပို့ကြမယ်နော်.. ဘယ်ဘက်ခြမ်းမှာ စမ်းသပ်ကြည့်ဖို့အတွက်အများကြီးရှိပါတယ်.. ဒီဇိုင်းတမျိုးလေးပေါ့.. စာရေးတဲ့အခါကျရင် English လိုပဲရပါတယ်နော်.. ကုဒ်ကို copy လုပ်တဲ့အခါ Select လုပ်ပြီိးမှ copy လုပ်ပါ.. ပြီးရင် ကိုယ်ပေးချင်တဲ့ အိမ်လေးရဲ့HTML မှာ Paste လိုက်ပါ.. ဒီနေရာလေးကနေ သွားလိုက်နော်.. လုပ်ပုံလုပ်နည်းကိုအောက်မှာပုံနဲ့ပြထားပါတယ်...


အဆင်ပြေမယ်လို. မျှော်လင့်ပါတယ်... သူငယ်ချင်းထက်ထက်က ပို.ပေးထားပါ..

ဓာတ်ပုံကို calendar လေးတွေနဲ.ဒီဇိုင်းဖော်မယ်

ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့ "Calendar" လေးတွေ ဒီဇိုင်းဖော်ကြည့်ရအောင်နော်.. ပြုလုပ်ပုံကတော့ အဆင့်(၆)ဆင့် ရှိတယ်.. အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်.စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်..
အရင်ဆုံး ဒီနေရာလေးကို နှိပ်ပြီးသွားလိုက်ပါ။ ရောက်ရင်တော့အပေါ် မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်
 အဆင့်(၁) ။ ။ "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။ ထက်ထက် ပုံရဲ့နံပါတ်(၁)မှာ အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ်။ အဆင့်(၂) ။ ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့် Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။ ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ် ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။ အဆင့်(၃)။ ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser" ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။
အဆင့်(၄)။ ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။ (English) လိုပဲရမယ်နော်။
 အဆင့်(၅)။ ။ "Select a font for your free yearly calendar" နေရာမှာ စောစော က မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။
အဆင့်(၆)။ ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။ ထက်ထက် နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။
ဒီလိုပေါ်လာပြီးလို့သိမ်းမယ်ဆိုရင်
ဒီလိုမသိမ်းချင်ဘူးဆိုရင် အရင်ဆုံး ပုံနဲ့ပြက္ခဒိန်တွဲရက်ကို Ctrl+ Prl Scr Sys Rq ကိုနှိပ်ပါ ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ စောစောကလုပ်ထားတဲ့ ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ သူငယ်ချင်းတို့ အားလုံးအဆင်ပြေပါစေနာ် မူရင်းလင့်လေးက ဒီနေရာမှာနော် (သူငယ်ချင်းထက်ထက်ရဲ. ပို.စ်လေးပါနော်)

slideshow လန်းလန်းလေးလုပ်ရအောင်



ဒီတစ်ခါ online ပြောပြပေးမဲ့ ဆိုဒ်ကလေးက အရမ်းလန်းပါတယ်..online လဲလျှောက်ကလိရင်းနဲ. တွေ.လာတာ..ဟိ.. သယ်ရင်းတို.ရဲ. ဓာတ်ပုံလေးတွေကို ကိုယ်ကြိုက်တဲ့ပုံစံလေးနဲ. ဘောင်လေးတွေနဲ. အရောင်လေးတွေနဲ. စတိုင်အမျိုးမျိုးပေါ့.. ကြိုက်သလိုလုပ်ပြီး slide show လုပ်တဲ့ဆိုဒ်ကလေးပါ..ဒါပေမဲ့ သူ.ဆီမှာ singup လုပ်ဖို.တော့လိုပါတယ်..ကြိုက်သလို စိတ်ကြိုက်လုပ်ပြီးရင် သူပေးတဲ့ကုဒ်ကိုယူပြီး ဆိုဒ်ကလေးတွေမှာလဲ တင်လို.ရသလို လက်ဆောင်ပေးလို.လဲရတာပေါ့....CD နဲ.တော့ မပေးဘူးထင်ပါတယ်...online လဲအကုန်လုပ်မကြည့်ရသေးဘူး...တော်တော်ကောင်းပါတယ်...လေ့လာစရာတွေလဲ များပါတယ်..ကိုယ်ကလိရင် ကလိသလို တတ်လွယ်ပါတယ်..အဆင်ပြေမယ်လို. online မျှော်လင့်တယ်နော်... လိုချင်တယ်ဆိုရင် ဒီနေရာလေးကနေ သွားလိုက်နော်

Sunday, 12 August 2012

Gtalk မှာမိမိကို block ထားသူကို ဆော့လ်ဝဲသုံးပြီးရှာမယ်



 gtalk မှာ မိမိကို block လုပ်ထားတဲ့ သူကိုရှာတဲ့နည်းလေးပါ..အရင်က voice call လေးနဲ့ စမ်းသပ်လို့ရပါတယ်...အခုတော့ သိပ်မရတော့ဘူး .. ဒါကြောင့် မသိသေးတဲ့သူငယ်ချင်းများအတွက် ဒီပို.စ်လေးကိုရေးလိုက်တာပါ.. ပထမဆုံး online အောက်နားမှာပေးထားတဲ့ link လေးကို ဒေါင်းလိုက်ပါ..အဲဒါကို ဒေါင်းပြီးရင်  Add account မှာ လိုအပ်တာလေးတွေ ဖြည့်ပေးလိုက်ပါ.. နောက် Basic ကိုသွားပြီး အဲဒီအောက်မှာ  Protocol ဆိုတာကိုတွေ.ပါလိမ့်မယ်... ဘေးနားက အစက်လေးကို ကလစ်ပေးပါ..ပြီးရင် Google Talk ဆိုတာလေးကိုရွေး လိုက်ပါ.. Username မှာ မိမိရဲ့ gtalk နာမည်ဖြည့်ပါ..Resource ဆိုတဲ့နေရာမှာ ဘာမှဖြည့်စရာမလိုပါဘူး... password ဖြည့်ပါ... local ailias မှာ ကြိုက်တာတစ်ခုခုထည့်... ပြီးရင် add ကိုနှိပ်ပါ...အားလုံးဖြည့်ပြီးရင် နာမည် list တွေပေါ်လာပါလိမ့်မယ်.. မိမိ သိချင်တဲ့သူရဲ့အကောင့်ကို  right click ထောက်ပါ..ပြီးရင် Get info ကိုသွားလိုက်ပါ...မိမိကို block ထားသူဆိုရင်  ဘာမှမပေါ်ပါဘူး..block မထားတဲ့သူဆိုရင်တော့ သူတင်ထားတဲ့ပုံလေးရယ် Full Name ဆိုတဲ့ နာမည်လေးပေါ်နေပါလိမ့်မယ်..သူငယ်ချင်းအားလုံး အဆင်ပြေမယ်လို. online မျှော်လင့်ပါတယ်...

လိုချင်ရင်တော့ ဒီနေရာလေး မှာဒေါင်းလိုက်ပါ....

Thursday, 9 August 2012

html အကြောင်း


ဒါကတော့ html အကြောင်းကိုစိတ်ဝင်းစားတဲ့ သူတွေအတွက် မြန်မာလိုရေးထားတဲ့ စာအုပ်လေးပါ.. ကိုအောင်နိုင်က လိုချင်တယ်ဆိုလို. online တင်ပေးလိုက်တာပါ...နောက်ပိုင်းမှာလဲ html ကုဒ်လေးတွေကို တင်ပေးမှာပါ..online မအားသေးလို.ပါ..သူငယ်ချင်းအားလုံးအဆင်ပြေမယ်လို.မျှော်လင့်မိပါတယ်... ဒီနေရာလေး မှာဒေါင်းလိုက်နော်...

ပုံတွေမှာ animation နဲ.စာရေးနည်း


ပုံတွေမှာ Animation Text ထည့်နည်းလေးပါ..မေးလ်ထဲမှာ သူငယ်ချင်းတစ်ယောက်က မေးထားတာမို.
ဒီပို.စ်လေးနဲ.ပဲ သူငယ်ချင်းအားလုံးသိစေရန်ဖော်ပြလိုက်တာပါ..online လဲအလုပ်များနေတော့ ကိုယ်တိုင်
ဓာတ်ပုံရိုက်ချိန်မရလို. မလွမ်းရဲ.ဆိုဒ်ထဲကပဲ ကူးယူဖော်ပြလိုက်ပါတယ်..အောက်မှာပုံနှင့်တကွ လုပ်နည်း
လေးပါ...နားလည်ပြီးအဆင်ပြေမယ်လို.မျှော်လင့်မိပါတယ်...

၁။ Adobe PhotoShop CS5 ကို ဖွင့်ပြီး Animation Text ထည့်မဲ့ပုံကို Open ပြုလုပ်ပါတယ်…



၂။ မိမိရေးလိုသောစာသားကို Font, Size, Color ရွေးချယ်ပြီး Text Tool နဲ့  ရေးသားပါမယ်…
၃။ Text ကို Effect ထည့်မယ်ဆိုရင် fx ကို Click ပြုလုပ်ပါ… Bevel and Emboss ဆိုတာကို ရွေးချယ်ပါမယ်…



 
၎။ Bevel and Emboss Dialog Box မှ Structure ရဲ့ Depth နဲ့  Shading Color တို့ ကို ရွေးချယ်လို့  ရပါတယ်…


၅။ အဆင့်(၃)လိုပဲ Text Effect အတွက် Drop Shadow ကို ရွေးပါမယ်…
စာလုံးအရိပ်ကို မြင်စေလိုတဲ့အတွက် Distance 15px ထားပြီး Opacity ကို 85% ထားပါတယ်…


၆။ နောက် Text Effect တစ်မျိုးက Stroke ပါ… စာလုံးအပြင်မှာ လိုက်ထပ်ရန် အရောင်ကို ပန်းရောင်ရွေးထားပါတယ်…


ဒီပုံလေးကတော့ Text Effect ၃-မျိုးယူပြီး ရေးထားတဲ့ စာလုံးပုံစံပါ...


၇။ စာလုံးပုံစံကို ပြင်ဆင်ပြီးပြီဆိုရင်တော့ Animation ပြုလုပ်ရန် စတင်ပြင်ဆင်ပါမယ်… Window Menu အောက်က Animation ဆိုတာကို ရွေးထားရင် ပုံရဲ့အောက်ဖက်မှာ Animation (Frames) Dialog Box ပေါ်လာပါလိမ့်မယ်…


ပေါ်လာရင် Duplicates Selected Frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါက ပုံတွင်မြင်ရတဲ့အတိုင်း Frame တစ်ခု ထပ်ပေါ်လာမှာပါ…


၈။ စာတန်းလေးကို နေရာရွှေ့ ပါမယ်… အတည့်အတိုင်း ရွှေ့ မှာဖြစ်တဲ့အတွက် Ctrl Key ကို ဖိထားပြီး Left Arrow ကို အသုံးပြုရွှေ့ ပါ… Move Tool သုံးပြီး Mouse ကို ဖိရွှေ့ ပါက အထက်အောက်ရွေ့ သွားတတ်လို့ ပါ…

၉။ ပုံတွင်မြင်ရသည့်အတိုင်း စာလုံးကို ရွှေ့ ထားပြီး Tweens animation frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါမယ်…


၁၀။ Tween Dialog Box ပေါ်လာတဲ့အခါ ပုံမှာပြထားတဲ့အတိုင်း Frames ၅-ခု ထပ်ယူပါမယ်…


၁၁။ အဆင့်(၇) မှ အဆင့်(၁၀) အတိုင်း Duplicates Selected Frames လုပ်မယ်၊ စာတန်းလေးကို ဘယ်ဖက်ကို အနည်းငယ်ရွှေ့ မယ်၊ Tween animation frames လုပ်မယ်၊ ဆိုတာတွေကို စာတန်းဘယ်ဖက်မှာ ပျောက်သွားအောင်ထိ လုပ်သွားပါမယ်…


၁၂။ ပုံမှာမြင်ရတဲ့အတိုင်း Frames ၇၅-ခု လုပ်ထားတာကို တွေ့ ရမှာပါ… ဒါဆိုရင် Animation Text လုပ်ပြီး ဖြစ်နေမှာပါ…


၁၃။ File ကို သိမ်းတဲ့အခါ Movie အနေနဲ့  သိမ်းလို့ ရသလို Gif File အနေနဲ့ လည်း သိမ်းလို့  ရပါတယ်… Movie File အနေနဲ့  သိမ်းမယ်ဆိုရင် File>>>Export>>>Render Video ဆိုတာကို ပြုလုပ်ရပါမယ်…



၁၄။ Gif File အနေနဲ့  သိမ်းမယ်ဆိုရင်တော့ File>>>Save for Web & Devices ကို ရွေးချယ်ရပါမယ်…

Preview ကြည့်ပြီး ကြိုက်ပြီဆိုရင် Save လုပ်ရုံပါပဲ....

၁၅။ File Name ပေးတဲ့အခါ .gif လို့  Extension ထည့်ပေးပါနော်...


 

Saturday, 4 August 2012

သရဲမြင်ဖူးချင်တယ်ဆိုရင်ပေါ့

သရဲဆိုတာကို   မြင်ဘူးချင်မှမြင်ဖူးမယ် တကယ်လို့ကြည့်ချင်တယ်ဆိုရင်တော့ ဒီဆိုဒ်လေးကိုဖွင့်ကြည့်ပါ ဖွင့်လိုက်တာနဲ့ အောက်မှာပြထားတဲ့ပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်
မသိသေးတဲ့သူငယ်ချင်းများအတွက်ပါ
ဒီလိုလေးပေါ့
ပီးရင်ခဏစောင့်နော် အရမ်းချောတဲ့ ကောင်မလေး ကိုတွေ့ရလိမ့်မယ်နော် သရဲထဲမှာ သူအချောဆုံးပဲ


http://www.xa148.cn/hehe.htm
(ထက်ထက်ရဲ. ပို.စ်လေးပါပဲ)

ပုံထည့်ပြီးစာရေးရအောင်

အခုပို့စ်လေးကတော့နည်းနည်းထူးတယ်နော် ပြီးခဲ့တဲ့ရက်တုန်းက ထက်ထက်တင်ဖူးပါတယ်
စာရွက်လှလှလေးထဲမှာရည်းစားစာရေးရအောင်ဆိုတာလေးကိုမှတ်မိမယ်ထင်တယ် အဲဒီတုန်းက
ကိုယ့်ချစ်တဲ့သူကို စာလေးရေးပေးရုံပဲနော် ဒီတခါတော့ စာရေးရုံတင်မဟုတ်ဘဲ ဓါတ်ပုံလေးပါထည့်
လို့ရတဲ့ပုံစံလေးပါ စိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော် ချစ်သူမရှိတဲ့သူငယ်ချင်းတွေကလည်
ကိုယ့်ရဲ့သူငယ်ချင်းပုံလေးထည့်ပြီး စာပေးလို့ရတာပေါ့
ဒီလိုလေးပေါ့
  ဒီလိုပုံစံဖြစ်အောင် လုပ်ကြည့်ရအောင်နော် အရင်ဆုံး  http://www.effectfun.com/effects/Pencil_Sketch_Effect.php လေးကိုဖွင့်ကြည့်လိုက်နော်
(၁) ဒီလင့်လေးကိုအရင်ဖွင့်ပါ
(၂) ကိုယ်ကြိုက်တဲ့သူရဲ့ပုံလေးကိုအရင်ထည့်ပါ
(၃) ပြီးရင် URL မှာ http://www.effectfun.com လေးကိုထည့်လိုက်ပါ


၎) Browse ဘေးက Upload လေးကိုနှိပ်လိုက်ရင် အောက်မှာထည့်ရမဲ့ပုံရဲ့အရွယ်အစားကိုချိန်ရပါ့မယ်
ချိန်ပြီးပြီဆိုရင် ပုံရဲ့အောက်ဆုံးမှာ Crop Image ဆိုတာလေးကိုနှိပ်လိုက်ပါ

(၅) နောက်ဆုံးအဆင့်မှာတော့ ပုံလေးကိုသိမ်းမယ်ဆိုရင်ပေါ့
သူငယ်ချင်းတို့စမ်းသပ်ကြည့်နော်
မူရင်းလင့် http://www.effectfun.com

စာရေးမယ်ဆိုရင် Save ထားတဲ့ပုံလေးရလာပြီဆိုရင် ALL Programs ထဲက Paint ကိုဖွင့်လိုက်ပါ
ပြီးရင် သိမ်းထားတဲ့ပုံကိုဖွင့်လိုက်ပါ paint ထဲကိုရောက်သွားပြီဆိုရင်တော့ မြန်မာလိုရေးလို့ရပါပြီနော်


အောက်မှာလဲ ပုံနဲ.ပြထားတယ်နော်...
(သူငယ်ချင်းထက်ထက်က ပို.ပေးထားတာပါ)

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား