Thursday 9 August 2012

ပုံတွေမှာ animation နဲ.စာရေးနည်း


ပုံတွေမှာ Animation Text ထည့်နည်းလေးပါ..မေးလ်ထဲမှာ သူငယ်ချင်းတစ်ယောက်က မေးထားတာမို.
ဒီပို.စ်လေးနဲ.ပဲ သူငယ်ချင်းအားလုံးသိစေရန်ဖော်ပြလိုက်တာပါ..online လဲအလုပ်များနေတော့ ကိုယ်တိုင်
ဓာတ်ပုံရိုက်ချိန်မရလို. မလွမ်းရဲ.ဆိုဒ်ထဲကပဲ ကူးယူဖော်ပြလိုက်ပါတယ်..အောက်မှာပုံနှင့်တကွ လုပ်နည်း
လေးပါ...နားလည်ပြီးအဆင်ပြေမယ်လို.မျှော်လင့်မိပါတယ်...

၁။ Adobe PhotoShop CS5 ကို ဖွင့်ပြီး Animation Text ထည့်မဲ့ပုံကို Open ပြုလုပ်ပါတယ်…



၂။ မိမိရေးလိုသောစာသားကို Font, Size, Color ရွေးချယ်ပြီး Text Tool နဲ့  ရေးသားပါမယ်…
၃။ Text ကို Effect ထည့်မယ်ဆိုရင် fx ကို Click ပြုလုပ်ပါ… Bevel and Emboss ဆိုတာကို ရွေးချယ်ပါမယ်…



 
၎။ Bevel and Emboss Dialog Box မှ Structure ရဲ့ Depth နဲ့  Shading Color တို့ ကို ရွေးချယ်လို့  ရပါတယ်…


၅။ အဆင့်(၃)လိုပဲ Text Effect အတွက် Drop Shadow ကို ရွေးပါမယ်…
စာလုံးအရိပ်ကို မြင်စေလိုတဲ့အတွက် Distance 15px ထားပြီး Opacity ကို 85% ထားပါတယ်…


၆။ နောက် Text Effect တစ်မျိုးက Stroke ပါ… စာလုံးအပြင်မှာ လိုက်ထပ်ရန် အရောင်ကို ပန်းရောင်ရွေးထားပါတယ်…


ဒီပုံလေးကတော့ Text Effect ၃-မျိုးယူပြီး ရေးထားတဲ့ စာလုံးပုံစံပါ...


၇။ စာလုံးပုံစံကို ပြင်ဆင်ပြီးပြီဆိုရင်တော့ Animation ပြုလုပ်ရန် စတင်ပြင်ဆင်ပါမယ်… Window Menu အောက်က Animation ဆိုတာကို ရွေးထားရင် ပုံရဲ့အောက်ဖက်မှာ Animation (Frames) Dialog Box ပေါ်လာပါလိမ့်မယ်…


ပေါ်လာရင် Duplicates Selected Frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါက ပုံတွင်မြင်ရတဲ့အတိုင်း Frame တစ်ခု ထပ်ပေါ်လာမှာပါ…


၈။ စာတန်းလေးကို နေရာရွှေ့ ပါမယ်… အတည့်အတိုင်း ရွှေ့ မှာဖြစ်တဲ့အတွက် Ctrl Key ကို ဖိထားပြီး Left Arrow ကို အသုံးပြုရွှေ့ ပါ… Move Tool သုံးပြီး Mouse ကို ဖိရွှေ့ ပါက အထက်အောက်ရွေ့ သွားတတ်လို့ ပါ…

၉။ ပုံတွင်မြင်ရသည့်အတိုင်း စာလုံးကို ရွှေ့ ထားပြီး Tweens animation frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါမယ်…


၁၀။ Tween Dialog Box ပေါ်လာတဲ့အခါ ပုံမှာပြထားတဲ့အတိုင်း Frames ၅-ခု ထပ်ယူပါမယ်…


၁၁။ အဆင့်(၇) မှ အဆင့်(၁၀) အတိုင်း Duplicates Selected Frames လုပ်မယ်၊ စာတန်းလေးကို ဘယ်ဖက်ကို အနည်းငယ်ရွှေ့ မယ်၊ Tween animation frames လုပ်မယ်၊ ဆိုတာတွေကို စာတန်းဘယ်ဖက်မှာ ပျောက်သွားအောင်ထိ လုပ်သွားပါမယ်…


၁၂။ ပုံမှာမြင်ရတဲ့အတိုင်း Frames ၇၅-ခု လုပ်ထားတာကို တွေ့ ရမှာပါ… ဒါဆိုရင် Animation Text လုပ်ပြီး ဖြစ်နေမှာပါ…


၁၃။ File ကို သိမ်းတဲ့အခါ Movie အနေနဲ့  သိမ်းလို့ ရသလို Gif File အနေနဲ့ လည်း သိမ်းလို့  ရပါတယ်… Movie File အနေနဲ့  သိမ်းမယ်ဆိုရင် File>>>Export>>>Render Video ဆိုတာကို ပြုလုပ်ရပါမယ်…



၁၄။ Gif File အနေနဲ့  သိမ်းမယ်ဆိုရင်တော့ File>>>Save for Web & Devices ကို ရွေးချယ်ရပါမယ်…

Preview ကြည့်ပြီး ကြိုက်ပြီဆိုရင် Save လုပ်ရုံပါပဲ....

၁၅။ File Name ပေးတဲ့အခါ .gif လို့  Extension ထည့်ပေးပါနော်...


 

No comments:

Post a Comment

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား