Friday 24 August 2012

သီချင်းတွေကို စာတန်းထိုးကြည့်မယ်...



ဒီတစ်ခါ online ပေးမဲ့ဆော့လ်ဝဲလေးက သီချင်းတွေကိုစာတန်းထိုးတဲ့ဆော့လ်ဝဲ (Divxland Media Subtitler)
လေးပါ..သူငယ်ချင်း အိမ်မက်ကောင်းကင်က တောင်းဆိုထားလို. ဒီနေ.မှပဲတင်ပေးလိုက်ပါတယ်နော်..online
လဲအစကတော့ သီချင်းတွေစာတန်းဘယ်လိုထိုးသလဲ ဆိုတာကိုစိတ်ဝင်စားခဲ့တယ်..သိလဲသိချင်ခဲ့ပါတယ်..
ဒီနေ.အချိန်နည်းနည်းယူပြီး ရှာတော့မှ divxland ရဲ.လက်စွမ်းတစ်ခုဖြစ်တဲ့ Media Subtitler လေးကိုတွေ.ခဲ့တာပါ..တခြားဆော့လ်ဝဲလေးတွေလည်းရှိပါတယ်..ဒါပေမဲ့လုပ်ရတာအရမ်းလက်ဝင်ပါတယ်..
စာသားနဲ.အသံကိုက်အောင်လုပ်ရတာတို.၊အသံအတိုင်းစာသားကိုhighlightဖောက်ပေးတာတို.ပေါ့..
အရမ်းအချိန်ပေးရပါတယ်..ဒါကြောင့်အခုဆော့လ်ဝဲလေးကိုonlineရွေးပြီးတင်ပေးလိုက်တာပါ...ဒီကောင်လေးက အရမ်းလွယ်ပါတယ်..ဒါပေမဲ့ ဒီကောင်က စာတန်းထိုးရုံသက်သက်နဲ...highlight ဖောက်လို.မရဘူးထင်ပါတယ်..online  လဲမအားသေးလို.သေချာမစမ်းကြည့်ရသေးပါဘူး..
အဆင်မပြေရင်တော့ ကွန်မန်းပေးခဲ့ကြပါ..online သေချာစမ်းပေးပါမယ်....လုပ်ပုံလုပ်နည်းကိုအကြမ်းလေးပြောပြပေးမယ်နော်..
 စလုပ်ဖို့အတွက် Notepad ထဲမှာသီချင်းစာသားတွေကို ဖြတ်တောက်ပြီး တစ်ကြောင်းချင်း ရိုက်ထည့်ရပါမယ်... ပြီးရင်တစ်နေရာမှာ သိမ်းလိုက်ပါ... နောက် Divxland Media Subtitler ကို ဖွင့်ပြီး
မိမိစာသားထည့်မယ့် Video ဖိုင်ကို ဖွင့်လိုက်ပါ..
ပြီးရင် သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်.. လွှတ်လိုက် လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါမယ်..ပြီးသွားရင်
ဖိုင်ကို သိမ်းရပါမယ်...ဒါဆိုသူက Subtitle ဖိုင်လေး တစ်ဖိုင်ကို
ထုတ်ပေးပါလိ့မ်မယ်..ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို
SubStation Alpha ကို ရွေးပေးလိုက်ပါ...
ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ...အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့...Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
ဒါဆိုရင် စာတန်းထိုးပြီးသား VCD သီချင်းတစ်ပုဒ်ကို ဖန်တီးလို့ ရသွားပါပြီ...အဆင်ပြေမယ်လို.မျှော်လင့်
ပါတယ်...
  Divxland Media Subtitler(2.0) ကို ဒီနေရာလေး မှာဒေါင်းလိုက်ပါ...
တခြားပစ္စည်းလေးတွေ လေ့လာချင်သေးရင် ဒီနေရာလေး မှာကြည့်လိုက်ပါ...

....................................................................................................
နောက်တစ်မျိုးနော်...တကယ်လို. အချိန်ရတယ် ..အလုပ်ရှူတ်ခံနိုင်တယ်ဆိုရင်တော့ online ထပ်ပြီးတော့ 
ဆော့လ်ဝဲလေးတွေပေးလိုက်ပါမယ်..မအားသေးတော့ online လဲဘာကိုမှ မစမ်းသပ်နိုင်သေးပါဘူး...
သူငယ်ချင်းတို. ကိုယ်တိုင်စမ်းသပ်ကြပါနော်...အောက်မှာဒေါင်းလိုက်ပါ...
အောက်ဆုံးက နှစ်ခုကတော့ လူသုံးများပါတယ်....
 
VCD ကာရာအိုကေ kit
VirtualDub
KBuilder 3.5.1.620
Adobe After Effects CS5.exe
Aegisub 2.1.8
 

2 comments:

  1. အကိုရေ ကျေးဇူးပါပဲဗျာ
    ကျွန်တော် တောင်းဆိုထားတဲ့ ဆော့ဝဲလ်လေးကို အခုလို
    အချိန်ပေးပြီး ရှာဖွေပေးတဲ့ အတွက် ကျေးဇူးပါ
    အကိုလည်း အမြဲတမ်းပျော်ရွှင်နိုင်ပြီး
    ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်လှမ်းနိုင်ပါစေနော် .....
    ခင်တဲ့(အိမ်မက်ကောင်းကင်)


    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား