Sunday 20 May 2012

အုပ်စုဖွဲ.ပြီး Gtalk ချက်နည်း

Party Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat@gmail.com ကို invite လုပ်ပါ။ (partychat2, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ Partychat@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။ ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။
အောက်မှာ Partychat မှာ ထပ်ပြီးသုံးလို့ရတဲ့ command တွေကို ရေးပြထားပါတယ်။
/create chat_name password - party chat တစ်ခုဖန်တီးရန်၊ password ပေးချင်ပါက chat_name နောက်မှာ space ပုတ်ပြီး password ပေးနိုင်ပါတယ်။
/join chat_name password - party chat တစ်ခုကို ဆက်သွယ်ရန်၊ ထို chat သည် password ပေးထားပါက chat_name နောက်တွင် space ပုတ်ပြီး password ထည့်ပြီး enter ခေါက်ပါ။
/exit - party chat ကနေ ထွက်ဖို့ပါ။
/list-chatထဲမှာရှိနေတဲ့လူအရေအတွက်ကိုကြည့်ရန်...တခြားကျန်နေတဲ့command တွေကိုတော့
SmileyCentral.com/commandsနဲ့ကြည့်နိုင်ပါတယ်။

No comments:

Post a Comment

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား