Friday 4 May 2012

Window မှာ မမြင်ရတဲ့ Floder တခုလုပ်ရအောင်

ဒါလေးက Hidden လုပ်ထားတာလုံးဝမဟုတ်ပါဘူး။ ဘာ software မှ လဲမသုံးထားဘူး။
သုံးစရာလဲမလိုဘူး။ ဖြစ်နိုင်ပါ့မလားလို့ မေးလို့ကတော့ ဖြစ်နိုင်ပါတယ်လို့ပဲပြောလိုက်ေ
တာ့မယ်။
Windows ကြီးမှာပါတဲ့ Orginal အတိုင်းပဲလုပ်လို့ရတယ်ဗျာ။ ကဲလေတွေများနေအုံးမယ်
နဲနဲ လုပ်ကြည့်ရအောင် Windows ပေါ်မှာ  မမြင်ရတဲ့ Floder တခု ကို အလွယ်တကူစပြီး
တည်ဆောက်ကြည့်ရအောင်။ ဘာမှမမြင်ရတော့ သူများမမြင်စေချင်တဲ့ Data တွေကို အဲ့ဒီ Floder
ထဲထည့်ပြီးသိမ်းလိုက်ရင် အလွယ်တကူတွေ့မှာမဟုတ်တော့ဘူးပေါ
့ဗျာ။ ဟဲ…ဟဲ


GUI Mode ပေါ်မှာ မမြင်ရတဲ့ Floder တစ်ခုကိုတည်ဆောက် လိုက်တာပါပဲ။
ကျနော်ပုံနဲ့တကွဖေါ်ပြပါမယ်။ အရင်ဆုံး Floder အသစ်တခုကို Windows မှာ ခေါ်လိုက်နော်
Inline image 1
New Floder  ရဲ့နာမည်(မြှားပြထားတဲ့နေရာ)ကို
  Special Character တခုပေးပါမယ်။ ဒီ Special Character က Space ဘာလို မျိုး ဘာစလုံးမှမပါဘူး။ အာလုံးသိမှာပါ  အဲ့ဒီမှာ ဘာစလုံးမှမပါပဲ ဒီတိုင်းထားလို့မရဘူးဆိုတာလေ။ ဒီတော့ ကျနော်တို့ Special Character နဲ့ လူလည်ကျမယ်။

Character ရဲ့ Key-stroke က  Alt+0160(Alt0160) ပါ။ ကျနော်တို့ အရင်က မြန်မာစာရိုက်ရင် ပါဌ်ဆင့်စာလုံးတွေ ရိုက်သလိုမျိုးပါပဲ နာမည်ကို special Character ပေးပြီး တဲ့ အခါ Enter နှိပ်လိုက်ပါ။ဒါဆိုဘာနာမည်မှ မပါတဲ့ Floder တခုကို ရသွားပါပြီ။
Inline image 2
အဲ့ဒီ Floder ရဲ့ Properties ထဲကိုဝင်ပါ။ Customize ဆိုတဲ့ Tab အောက်မှာ Change Icon ဆိုတာရှိပါလိမ့်မယ်။ Click လိုက်ပါ ကျလာတဲ့ Box ထဲမှာ Icon လေးတွေအများကြီးတွေ့ရမှာပါ။
ညာဘက်ကို နည်းနည်းချင်းသွားကြည့်လိုက်ပါ။ ဘာပုံမှ မပါတဲ့ Icon လေးတွေကို တွေ့ရပါလိမ့်မယ်။
(အောက် က ပုံထဲကအတိုင်းကြည့်လိုက်နော်) အဲ့ထဲက တခုကို ရွေးလိုက်ဗျာ။ ပြီးရင် OK OK နှိပ်ပြီးထွက်လိုက် ရင် ဘာစာမှမပါတဲ့ ဘာ Icon မှ မပါတဲ့ Floder တခုကို ရသွားပါလိမ့်မယ်။ ဘာမှ မမြင်လို့ ကိုယ့်ရဲ့ Floder ကို
 ရှိမှန်းတောင် သတိထားမိကြမှမဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ်တော့မမေ့နဲ့ပေါ့ေ
နာ်။ ဟီး ဟီး
Inline image 3
Inline image 4
ဒီ Invisible Floder တွေက ဒီအတိုင်းမမြင်ရအောင် ဘာမှမပါတဲ့ Icon နဲ့ ဘာမှ မပါတဲ့ နာမည်ကိုပေးလိုက်ရုံပဲ။
ကျန်တာတွေက တော့ တခြားသာမန် Floder တွေနဲ့ ဘာမှ မကွာပါဘူးဗျာ။
ကဲ ယုံပြီလား  ဘာSoftware မှ မလိုဘူးဆိုတာ…..
ကလိနိုင်ကြပါစေနော်……….

1 comment:

  1. refresh (or) F5 နှိပ်လိုက်ရင်မြင်ရတယ်ဗျ တစ်ခါတည်း Hidden လုပ်လိုက်ရှင်ပိုကောင်းတယ် ။ဟီးး

    ReplyDelete

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား